ဒီတစ်ပတ်မတင်မိုးလွင်နဲ့ စကားလက်ဆုံ ကျထားသူကတော့ တစ်ချိန်က ရေနံ့သာ အနာကြီးဆေးရုံရဲ့ ဆေးရုံအုပ်ကြီးဖြစ်ပြီး ပြည်တွင်းမှာရှိတဲ့ အနာကြီးရောဂါသည် သုံးသိန်းကျော်ကို ပျောက်ကင်းအောင်ကုသနိုင်ခဲ့တဲ့ သုတေသနစီမံကိန်းမှာ ပါဝင်ခဲ့တဲ့ ဆရာကြီးဖြစ်ပါတယ်။ အခုတော့ အသက် ၈၀ ကျော်အရွယ်ရှိပြီဖြစ်ပြီး အခုထိတိုင်လည်း အနာကြီးရောဂါ ပပျောက်ရေး စီမံကိန်း အတွက် အကြံပေး လုပ်နေဆဲဖြစ်ပါတယ်။
တစ်ချိန်က အနာကြီးရောဂါသည်တွေပေါများတဲ့နေရာဒေသတွေမှာ သုတေသနလုပ်ရင်း မီးလောင်ထားတဲ့ သစ်ငုတ်တိုကြီးတွေလို ဖြစ်နေတဲ့ အနာကြီးရောဂါသည်တွေနဲ့ တွေ့ခဲ့ရတာတွေ အနာကြီးရောဂါသည်တွေထဲက ပိုးအများဆုံးရောဂါသည်တွေရဲ့ နားရွက်တွေကိုလှီး ထုထောင်း၊ ပိုးသတ်အရည်ဖျော်ပြီး ကိုယ့်ခန္တာကိုယ်ထဲကို ထိုးသွင်းလို့ ဆေးတွေစမ်းသပ်ခဲ့တာတွေ စတဲ့ အတွေ့အကြုံတွေကို ဒီစကားလက်ဆုံမှာ ဒေါက်တာမောင်မောင်ကြီးက ပြန်ပြောင်းပြောပြထားတာဖြစ်ပါတယ်။
7Day TV က နှစ်ပတ်တစ်ကြိမ် အင်္ဂါနေ့ညတိုင်းမှာ တင်ဆက်နေတဲ့ တင်မိုးလွင်နဲ့ စကားလက်ဆုံ Tin Moe Lwin Talk Show ကို နောင်အပတ်တွေမှာလည်း ပုံမှန်တင်ဆက်သွားမှာဖြစ်ပါတယ်။