Skip to playerSkip to main content
  • 9 years ago
နာမည်ကြီး အကြားအမြင်ဆရာမ အီးတီ (ခေါ်) ဒေါ်ဆွေဆွေဝင်းရဲ့ ရုပ်အလောင်းကို ဒီကနေ့ နေ့လည် နှစ်နာရီက ရေဝေး သုသာန်မှာ ဂူသွင်းသဂြိုလ်ခဲ့ပါတယ်။ ဆရာမ အီးတီဟာ စက်တင်ဘာလ ၁၀ မနက် လေး နာရီ မိနစ် နှစ်ဆယ်ခန့်က သင်္ကန်းကျွန်းမြို့နယ်၊ သီရိဟေမာလမ်းက နေအိမ်မှာ ရုတ်တရက် ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

ဆရာမ အီးတီ ကွယ်လွန်တဲ့ အချိန်မှာ အသက် ၅၈ နှစ် ရှိပြီ ဖြစ်ပါတယ်။

ဆရာမ အီးတီဟာ မသေဆုံးခင် အီးတီ မျက်စိ ခွဲစိတ်ကုသမှု ဖောင်ဒေးရှင်းကို တည်ထောင်ခဲ့ပြီး မျက်စိ လူနာပေါင်း များစွာကို ဆေးဝါးက အစ ခွဲစိတ်ကုသမှု စရိတ် ကုန်ကျမှုများစွာကို ကုသိုလ်ပြု လုပ်ဆောင်ခဲ့ပါတယ်။

ရုပ်သံ သတင်းထောက်- အလှလေး သူဇာ

Category

🗞
News

Recommended