မနက်ခင်း သတင်းစာ အစီအစဉ်က နေ့စဉ်ထုတ် 7Day Daily သတင်းစာမှာ ပုံနှိပ်ဖော်ပြပြီးဖြစ်တဲ့ သတင်းတွေထဲက အချို့ကို ကောက်နှုတ်တင်ဆက်သွားမှာ ဖြစ်ပါတယ်။
ဒီနေ့တင်ဆက်ပေးသွားမယ့် သတင်းတွေကတော့ ဘင်္ဂါလီပြဿနာကို ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ဆွေးနွေးရန် ဗြိတိန်နှင့် ဆွီဒင်တောင်းဆိုဆိုတဲ့သတင်း ၊ ဆရာ၊ ဆရာမများနှင့်ပညာရေးဝန်ထမ်းများ လက်ဆောင်နှင့်ငွေကြေးတောင်းခံပါက ဝန်ကြီးရုံးသို့ တိုက်ရိုက်တိုင်ကြားနိုင် ဆိုတဲ့သတင်း ၊ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် တိမ်းရှောင်လာသော ဆရာ၊ ဆရာမများ တာဝန်ကျရာဒေသသို့ စက်တင်ဘာ ၁၇ ရက် နောက်ဆုံးထား၍ပြန်ရန် ညွှန်ကြားဆိုတဲ့သတင်းနဲ့ မြောက်ကိုရီးယားအပေါ် အရေးယူပိတ်ဆို့မှု အသစ်များ ကုလသမဂ္ဂ ထပ်မံချမှတ် ဆိုတဲ့သတင်းတွေပဲ ဖြစ်ပါတယ်။
မနက်ခင်း သတင်းစာ အစီအစဉ်ကို တနလာင်္နေ့မှ သောကြာနေ့အထိ နေ့စဉ် နံနက် ၁၀ နာရီတိုင်းမှာ တင်ဆက်သွားမှာဖြစ်ပါတယ်။