9/11 အကြမ်းဖက် တိုက်ခိုက်မှုကြီး နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် တစ်ချိန်က ကမ္ဘာ့ကုန်သွယ်ရေး စင်တာ မျှော်စင် အဆောက်အအုံ တည်ရှိခဲ့တဲ့ နေရာမှာ မီးမောင်းကြီး နှစ်ခု ထိုးပြထားခဲ့တယ်လို့ သိရပါတယ်။
အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ တည်ရှိတဲ့ အမြွှာမိုးပျံတိုက်ကြီး နှစ်လုံးဟာ အကြမ်းဖက်သမားတွေ အပိုင်စီးလာတဲ့ လေယာဉ်နှစ်စီး ဝင်တိုက်မှုကြောင့် ၂၀၀၁ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်မှာ ပြိုကျခဲ့တာ ဖြစ်ပါတယ်။ အဲဒီဖြစ်စဉ်မှာ လူပေါင်း ၃၀၀၀ နီးပါး အသက်ဆုံးရှုံးခဲ့တယ်။
9/11 ဖြစ်ရပ်ဆိုး ၁၆ နှစ် ပြည့်မြောက်တဲ့ နှစ်ပတ်လည်နေ့မှာတော့ တစ်ချိန်က အဆောက်အအုံတွေ တည်ရှိခဲ့တဲ့ အမှတ်တရ အနေနဲ့ ကောင်းကင်ယံကို မီးမောင်းကြီးတွေ ထိုးပြထားတာ ဖြစ်ပါတယ်။
9/11 တိုက်ခိုက်မှုကြောင့် အမေရိကန်ဟာ အယ်လ်ကိုင်ဒါ အကြမ်းဖက်ခေါင်းဆောင် အိုစမာ ဘင်လာဒင်ကို ဖမ်းဆီး သုတ်သင်ဖို့ အာဖဂန် နစ္စတန် ကျူးကျော်စစ်ပွဲကို စတင်ဆင်နွှဲခဲ့ပါတယ်။