အနုပညာလောကမှာ ကြိုးစားနေရဆဲ သရုပ်ဆောင်တစ်ဦးအနေနဲ့ သရာစောထိ ဇာတ်ကားနဲ့ ပရိသတ်တွေ ရဲ့ သတိပြုမိတာကို ရဖို့မျှော်လင့်တယ်လို့ အက်ရှင်မင်းသမီး ယဉ်လတ်က ဆိုလာ ပါတယ်။
သရာစောထိ ရုပ်ရှင်ဇာတ်ကားမှာ ယဉ်လတ်ဟာ ပညာသင်ကြားလိုတဲ့ ဆယ်ကျော်သက် အရွယ် တိုင်းရင်း သူ နော်ပဲလှော်အဖြစ် ပါဝင်သရုပ်ဆောင်ထားတာပါ။အဲဒီဇာတ်ကားအထူးပွဲကိုတော့ အခုလ ၉ ရက်က ပြသခဲ့တာဖြစ်ပြိး လာရောက်ကြည့်ရှုတဲ့ ရုပ်ရှင် လော ကသားတွေနဲ့ ပရိသတ်တွေက ယဉ်လတ်ရဲ့ သရုပ်ဆောင်မှု ကောင်းမွန်တယ်လို့ မှတ်ချက်ပေးကြပါတယ်။
သရာစောထိ ဇာတ်ကားကို အခုလ ၁၅ ရက်ကနေ ၂၁ ရက်အထိ ပြုလုပ်မယ့် မြန်မာ့ဒီမိုကရေစီ ရက်သတ္တပတ် ရုပ်ရှင်ပွဲတော်မှာ ပြသမှာဖြစ်ပါတယ်။ယဉ်လတ်ဟာ ဖိုက်တင်ဇာတ်ကားအများစု ရိုက်ကူးနေရတာကတော့ ထုတ်လုပ်ရေးတွေက သူနဲ့လိုက်ဖက် တဲ့ ဇာတ်လမ်းတွေကို စီစဉ်ရိုက်ကူးပေးတာကြောင့် ဖြစ်ပြီး အခွင့်အရေးပေးလာရင် တခြား ဇာတ်ရုပ်တွေကို လည်းရိုက်လိုတယ်လို့ ဆိုလာပါတယ်။
ရုပ်သံသတင်းထောက် - ဇွဲဥာဏ်