Skip to playerSkip to main content
  • 9 years ago
စာရေးဆရာမ မေသင်္ကြန်ဟိန်းရဲ့ အောင်မြင်ခဲ့တဲ့ “ကျွန်မချစ်တဲ့သူတွေ”ကိုယ်တိုင်ရေးအတ္တုပ္ပတ္တိစာအုပ်ကို “မုန်တိုင်းကို ရင်ဆိုင်ခဲ့သူတွေ” နာမည်နဲ့ ဇာတ်လမ်းတွဲတစ်ပုဒ်အဖြစ် MNTVရုပ်သံလိုင်းမှာ ကြည့်ရှုကြရတော့မှာပါ။

ကျွန်မချစ်တဲ့သူတွေ အတ္ထုပ္ပတ္တိစာအုပ်ဟာ မြန်မာ့နိုင်ငံရေး အပြောင်းအလဲမှာ ရင်ဆိုင်ခဲ့ရတဲ့လူတွေရဲ့ အကြောင်းကို ရေးသားထားတာဖြစ်တာကြောင့် လူငယ်တွေ အနေနဲ့ ဒီမိုကရေစီရဲ့ အနှစ်သာရကို သိရှိနားလည်စေနိုင်ဖို့ အတွက် ရိုက်ကူးမှာဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲမှာ ၁၉၉၈ခုနှစ်ကစပြီး ၂၀၁၅ ခုနှစ်အထိ မြန်မာ့နိုင်ငံရေးအပြောင်းအလဲမှာ ပါဝင်ခဲ့ကြတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်နိုင်ငံရေးသမားတွေနဲ့ မိသားစုဝင်တွေရဲ့ အခက်အခဲတွေ၊ ဖြတ်သန်းမှုတွေအကြောင်းတွေ၊ ပြည်သူလူထု တစ်ရပ်လုံးရဲ့ ဒီမိုကရေစီရေးဆိုင်ရာ မျှော်လင့်ချက်တွေကို ရိုက်ကူးတင်ဆက်ပြသသွားမှာဖြစ်ပါတယ်။

မုန်တိုင်းကို ရင်ဆိုင်ခဲ့သူတွေ ရုပ်သံဇာတ်လမ်းတွဲကို ဒါရိုက်တာနေသူရိန်က ရိုက်ကူးမှာဖြစ်ပြီး သရုပ်ဆောင်နေထက်လင်း၊ နေမင်း၊ ကောင်းပြည့်၊ သင်ဇာဝင့်ကျော်နဲ့ တခြားအနုပညာရှင်များစွာ ပါဝင်မှာဖြစ်ပါတယ်။

ရုပ်သံသတင်းထောက် - အေးမြတ်

Category

🗞
News

Recommended