Skip to playerSkip to main content
  • 9 years ago
ဆန်းသစ်တဲ့သီချင်းသီဆိုဟန်တွေနဲ့ ပရိသတ်တွေကို ဖမ်းစားနိုင်သူ၊ လူငယ်ပရိသတ်ကြား လွှမ်းမိုးနိုင်သူ၊ အဆိုရောဖက်ရှင်မှာပါ ပရိတ်သတ်ကိုအားကောင်းမောင်းသန်ဖျော်ဖြေလေ့ရှိသူကတော့ ဖြူဖြူကျော်သိန်း ဖြစ်ပါတယ်။

ဆရာဝန်ဘဝကို စွန့်လွှတ်ခဲ့ပြီး ဂီတသက်တမ်း ၁၄နှစ်တာ ကာလအတွင်းမှာ အောင်မြင်မှုမှတ်တိုင်တွေကို တစ်ခုပြီးတစ်ခုစိုက်ထူနိုင်ခဲ့သူဖြစ်ပါတယ်။ ဒီလိုအောင်မြင်မှုတွေရဲ့ နောက်ကွယ်မှာ ဘယ်လိုတွေကြိုးစားခဲ့ ရလဲ၊ ဘယ်လိုအခက်အခဲတွေကို ကြုံတွေခဲ့ရလဲ၊ ရည်ရွယ်ရာကို လျှောက်လှမ်းဖို့ မိဘတွေရဲ့ပံ့ပိုးမှုရော ဖြူဖြူကျော်သိန်းဖြစ်လာဖို့အတွက် ဘယ်လောက်ထိ သက်ရောက်မှုပေးခဲ့လဲဆိုတာတွေကိုတော့ 7Day TV ရဲ့ အနုပညာကောက်ကြောင်းအစီအစဉ်မှာ တင်ဆက်ထားပါတယ်။

ရုပ်သံသတင်းထောက် - အေးမြတ်

Category

🗞
News

Recommended