မနက်ခင်း သတင်းစာ အစီအစဉ်က နေ့စဉ်ထုတ် 7Day Daily သတင်းစာမှာ ပုံနှိပ်ဖော်ပြပြီးဖြစ်တဲ့ သတင်းတွေထဲက အချို့ကို ကောက်နှုတ်တင်ဆက်သွားမှာ ဖြစ်ပါတယ်။
ဒီနေ့တင်ဆက်ပေးသွားမယ့် သတင်းတွေကတော့ဒေါ့ဆူရီမုန်တိုင်းကြောင့် ဒေသအများစုတွင် သုံးရက်ခန့် နေရာကွက်မိုးကြီးနိုင်ဆိုတဲ့သတင်း ၊ လှုံ့ဆော်စာဖြန့်ဝေရာတွင် ပါဝင်သည်ဆိုသော ရပ်ကျေးအုပ်ချုပ်ရေးပိုင်းမှ ပုဂ္ဂိုလ်အချို့ကို စိစစ်နေဆိုတဲ့သတင်း ၊ ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှုများ အဆုံးသတ်ရန် မြန်မာကို လုံခြုံရေးကောင်စီတိုက်တွန်းတဲ့ သတင်းနဲ့ ဂျပန်နဲ့ အမေရိကန်ကို ဖျက်ဆီးပစ်မည်ဟု မြောက်ကိုရီးယား ခြိမ်းခြောက်ဆိုတဲ့သတင်းတွေပဲ ဖြစ်ပါတယ်။
မနက်ခင်း သတင်းစာ အစီအစဉ်ကို တနလာင်္နေ့မှ သောကြာနေ့အထိ နေ့စဉ် နံနက် ၁၀ နာရီတိုင်းမှာ တင်ဆက်သွားမှာဖြစ်ပါတယ်။