အာဆီယံ ယူ - ၁၈ ပြိုင်ပွဲ အကြို ဗိုလ်လုပွဲ မှာ အိမ်ရှင်မြန်မာအသင်းဟာ မလေးရှားအသင်းနဲ့ တွေ့ဆုံ မှာဖြစ်ပါတယ်။အာဆီယံ ယူ - ၁၈ ပြိုင်ပွဲရဲ့ အကြို ဗိုလ်လုပွဲကို မြန်မာ ၊ မလေးရှား ၊ ထိုင်းနဲ့ အင်ဒိုနီးရှားအသင်းတို့ တက်ရောက်ခဲ့တာပါ။
ထိုင်းအသင်းကတော့ အင်ဒိုနီးရှားအသင်းနဲ့ အကြိုဗိုလ်လုပွဲမှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။အကြိုဗိုလ်လုပွဲ ပွဲစဉ်တွေကိုတော့ မနက်ဖြန် စက်တင်ဘာလ ၁၅ ရက်မှာ သုဝဏ္ဏကွင်းမှာ ကျင်းပ မှာဖြစ်ပြီး မြန်မာနဲ့ မလေးရှားအသင်းကတော့ ညနေ ခြောက်နာရီမှာ ယှဉ်ပြိုင်ကြမှာပါ။
ရုပ်သံ - ကျော်ဇင်ထွန်း