ရန်ကုန်တိုင်းဒေသကြီး အပါအဝင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် အဝင်၊ အထွက်တွေ ကိုလည်း ဒီရက်ပိုင်းမှာ လုံခြုံရေး တိုးမြှင့်ထားတယ်လို့ စုံစမ်းသိရပါတယ်။
ပြည်တွင်း၊ ပြည်ပ ပြေးဆွဲနေတဲ့ လေယာဉ်ပေါ်မှာ မသင်္ကာစရာ လူတွေရင်လဲ ကြိုတင် သတင်းပေးဆောင်ရွက်နိုင်ဖို့ လေဆိပ် အချင်းချင်းလဲ နည်းပညာချင်း ပူးပေါင်း ဆောင်ရွက်နေတယ်လို့ ရဲမှူးချုပ် မြဝင်းက ဆိုပါတယ်။
လုံခြုံရေး အဆင့်အနေနဲ့ သုံးဆင့် သတ်မှတ်ထားတာ ရှိပြီး လက်ရှိမှာတော့ အဆင့် ၂ သတ်မှတ် ပြီး လုပ်ဆောင်နေတာ ဖြစ်တယ်လို့ ရဲမှူးချုပ်က ဆိုပါတယ်။
လက်ရှိမှာ လူမှုကွန်ရက်မှာ ကောလဟက သတင်းတွေကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာလဲ အရေးကြီး ကာလ သတ်မှတ်ပြီး လုံခြုံရေး တိုးမြှင့်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ရုပ်သံ သတင်းထောက်- အလှလေး သူဇာ