Skip to playerSkip to main content
  • 9 years ago
မြန်မာ့ဒီမိုကရေစီ ရက်သတ္တပတ်ရုပ်ရှင်ပွဲတော်အဖြစ် ဒီကနေ့ စက်တင်ဘာလ ၁၅ ရက်ကစပြီး ဒီမိုကရေစီအရေးကို ရှေးရှုတဲ့ပညာပေးရုပ်ရှင်ဇာတ်ကားတွေကို မြန်မာတစ်နိုင်ငံလုံးမှာ ရုံတင်ပြသနေပြီဖြစ်ပါတယ်။

ဒီမိုကရေစီ ရုပ်ရှင်ပွဲတော်ဟာငြိမ်းချမ်းရေးကိုမြတ်နိုးတဲ့ ပြည်သူတွေအနေနဲ့ ငြိမ်းချမ်းခြင်းရဲ့အနှစ်သာရ ခံစားနိုင်ဖို့အတွက် ငြိမ်းချမ်းရေး ရှေးရှုထားတဲ့ ဇာတ်ကားတွေကို ရွေးချယ်ပြသတဲ့ ပွဲတော်တစ်ခုဖြစ်ပါတယ်။

ဒီပွဲတော်အတွက် ပညာပေးရုပ်ရှင်ဇာတ်ကား ငါးကားကို ရွေးချယ်ထားပြီး ဒါရိုက်တာဇော်မြင့်ဦးရိုက်ကူးထားတဲ့ “နေခြည်မှာရွှေရည်လောင်း”၊ ဒါရိုက်တာ JZ ဒေါင်လွဏ်း ရဲ့ “တိမ်ပြာသောနေ့”၊ ဒါရိုက်တာ စံရွှေမောင်ရဲ့ “သရာစောထိ”၊ ဒါရိုက်တာ ဟိန်းမင်းရဲ့ “ဒီမိုရပ်ကွက်”ရုပ်ရှင်နဲ့ Forever Group က စီစဉ်တဲ့ “ကြီးမြတ်သော နှလုံးသား” ရုပ်ရှင်ဇာတ်ကားတွေကို ပြသသွားမှာဖြစ်ပါတယ်။

မြန်မာ့ဒီမိုကရေစီ ရက်သတ္တပတ်ရုပ်ရှင်ပွဲတော်ကို ပြန်ကြားရေးဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာတို့က ပူးပေါင်းကျင်းပတာဖြစ်ပြီး စက်တင်ဘာ ၁၅ရက်နေ့ကနေ ၂၁ ရက်နေ့အထိ တစ်နိုင်ငံလုံးမှာရှိတဲ့ ရုပ်ရှင်ရုံမှာ ပြသသွားမယ်လို့ သိရပါတယ်။


ရုပ်သံသတင်းထောက် - အေးမြတ်

Category

🗞
News

Recommended