Skip to playerSkip to main content
  • 9 years ago
လန်ဒန်မြို့က မြေအောက်ရထား တစ်စီးပေါ်မှာ အသေးစား ပေါက်ကွဲမှု ဖြစ်ပွားပြီး အကြမ်းဖက်မှု တစ်ခုအဖြစ် ဗြိတိန် ရဲတပ်ဖွဲ့က သတ်မှတ်လိုက်ပါတယ်။

စက်တင်ဘာ ၁၅ ရက် မနက်ပိုင်းက ပါဆန်စ်ဂရင်း ဘူတာနား ရထားအရောက်မှာ ပိုက်ဗုံးလို့ ယူဆရတဲ့ ပစ္စည်းတစ်ခု ပေါက်ကွဲမှုကြောင့် ခရီးသည်တချို့ ထိခိုက်ဒဏ်ရာ ရခဲ့ကြပါတယ်။ အဲဒီနောက် အခင်းဖြစ်ရာ ဧရိယာ အနီးမှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ နေရာယူထားလိုက်ပြီး မီးသတ်ကားနဲ့ လူနာတင်ယာဉ် တော်တော် များများကိုလည်း တွေ့ရပါတယ်။

လန်ဒန် မက်ထရိုပိုလီတန် ရဲတပ်ဖွဲ့က အဲဒီဧရိယာမှာ ဖြန့်ကျက် စစ်ဆေးမှုတွေ ပြုလုပ်နေပြီး လမ်းသွားလမ်းလာတွေကိုလည်း ရှောင်ကွင်းသွားဖို့ ညွှန်ကြားထားပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် သီယေဆာမေက အကြမ်းဖက် တိုက်ခိုက်မှု တစ်ခုကြောင့် ဒဏ်ရာရသွားသူတွေအတွက် စာနာဝမ်းနည်းကြောင်းနဲ့ အန္တရာယ်များတဲ့ အခြေအနေမှာ ကယ်ဆယ်ရေးကဏ္ဍကို မတွန့်မဆုတ် ဆောင်ရွက်နေတဲ့ တာဝန်ရှိသူတွေရဲ့ သတ္တိကို ချီးကျူးဂုဏ်ပြုကြောင်း ကြေညာချက် ထုတ်ပြန်ပါတယ်။

လန်ဒန် မြို့တော်ဝန် ဆာဒစ်ခန်းကတော့ မြို့ခံတွေ အနေနဲ့ စိတ်အေးအေးထားဖို့ နှစ်သိမ့်ခဲ့ပြီး လန်ဒန်ဟာ အကြမ်းဖက် လုပ်ရပ်တွေကို ဘယ်တော့မှ အရှုံးပေးမှာ မဟုတ်ကြောင်း ပြောကြားသွားပါတယ်။

Category

🗞
News

Recommended