Skip to playerSkip to main content
  • 9 years ago
မိရိုးဖလာ ရုပ်ရှင် ဇာတ်ကား ရိုက်ကူးမယ့်အကြောင်း ကန်တော့ပွဲပေးတဲ့ အခမ်းအနား ကို ဒီကနေ့ စက်တင်ဘာလ ၁၆ ရက် မနက်ပိုင်းက ရွှေတိဂုံဘုရား အောင်မြေမှာ ပြုလုပ်ခဲ့ပါတယ်။အဲဒီဇာတ်ကားမှာ ရန်အောင် ၊ ရဲအောင် ၊ ကျော်ရဲအောင် ၊ မေသန်းနု ၊ စိုးမြတ်သူဇာ တို့နဲ့အတူ Laureal Art အနုပညာသင်တန်းကျောင်းက သရုပ်ဆောင်တွေလည်း ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပါတယ်။

ဒီဇာတ်ကားက မိရိုးဖလာ နတ်ကိုးကွယ်မှု အကြောင်းတွေကို အဓိကထားပြီး ရိုက်ကူးသွားမှာဖြစ်တယ်လို့ ဒီဇာတ်ကားရဲ့ ဇာတ်လမ်း ၊ဇာတ်ညွှန်း ဒါရိုက်တာ သီတာလင်းကပြောပါတယ်။ဇာတ်ကားမှာပါဝင်သရုပ်ဆောင်မယ့် အနုပညာရှင်တွေရဲ့ဇာတ်ကောင်စရိုက်တွေနဲ့ ပတ်သတ်ပြီးတော့လည်း ဒါရိုက်တာ သီတာလင်းကအခုလိုပြောပြထားပါတယ်။

မိရိုးဖလာ ရုပ်ရှင်ဇာတ်ကားက Laurel ရုပ်ရှင်ထုတ်လုပ်ရေးက တတိယမြောက် ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ် ပြီး ရန်ကုန် မန္တလေးအပါအဝင် ပုဂံ နဲ့ တောင်ပြုံးဒေသတွေမှာလည်း ရိုက်ကူးသွားမှာဖြစ်ပါတယ်။

ရုပ်သံသတင်းထောက် - ဇွဲဥာဏ်

Category

🗞
News

Recommended