အောင်ခေတ်မင်းဗီဒီယိုထုတ်လုပ်ရေးရဲ့ စင်တင်မင်းသား ကျော်ထက်အောင်နဲ့အတူ နာမည်ကျော်သရုပ်ဆောင်မင်းသမီးငါးဦးတို့ပါဝင်မယ့် ချူဆီရုပ်ရှင်ဇာတ်ကားကြီးကို ဒီလထဲမှာ စတင်ရိုက်ကူးသွားမှာဖြစ်ပါတယ်။သရုပ်ဆောင် အကယ်ဒမီ မယ်လိုဒီ၊ အေးမြတ်သူ၊ အိချောပို၊ နန်းဆုဦးနဲ့ မေ တို့က ဒီဇာတ်ကားထဲမှာပါဝင်မှာဖြစ်ပြီး အခြေမတူတဲ့ မိန်းမသားတို့ရဲ့ ဘဝတွေအကြောင်းကို ဒီဇာတ်ကားထဲမှာ တွေ့မြင်ရမှာပါ။
ချူဆီ ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ အကယ်ဒမီ မင်းဦး က ရိုက်ကူးမှာဖြစ်ပြီး ကန်တော့ပွဲပေးအခမ်းအနားကိုတော့ ဒီကနေ့ ၊ ရန်ကုန်မြို့မှာရှိတဲ့ Park Royal ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
ရုပ်သံသတင်းထောက် - အေးမြတ်