နှစ်နိုင်ငံယဉ်ကျေးမှုတွေကို နားလည်နိုင်ဖို့နဲ့ရေမြေသဘာဝတွေကို လေ့လာနိုင်ဖို့ အတွက်ရည်ရွယ်ပြီး မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံပူးပေါင်း ပန်းချီပြပွဲကို ဒီကနေ့ ရန်ကုန်မြို့ အမျိုးသားပြတိုက်မှာ ကျင်းပနေပါတယ်။
ဗီယက်နိုင်ငံက ပန်းချီဆရာ ၂၀ ရေးဆွဲထားတဲ့ ပန်းချီကား ၂၉ ကားနဲ့ မြန်မာနိုင်ငံ ယဉ်ကျေးမှု တက္ကသိုလ်ကျောင်းဆင်း ပန်းချီ ပညာရှင် ၁၀ ဦးတို့ရဲ့ ပန်းချီကား ၂၃ ကားကို ပြသထားတာပါ။ ပြပွဲကို ဒီနေ့ကနေ စက်တင်ဘာ ၂၂ ရက်နေ့အထိ ပြသပေးသွားမှာလို့လည်း သိရပါတယ်။
အခုလို ဗီယက်နမ်နဲ့ ပန်းချီပြပွဲတွေ ပြုလုပ်လာတာ အခု ၂၀၁၇ တစ်နှစ်တည်းမှာပဲ ၃ ကြိမ်ရှိပြီလို့သိရပါတယ်။
ရုပ်သံသတင်းထောက်-ခင်ဝိုင်းဖြူဖြူ