Skip to playerSkip to main content
  • 9 years ago
စတူဒီယိုခေတ်ဦး ကာလကတည်းက ပရိသတ်တွေကြိုက်ရတဲ့ မြန်မာပြည်သိန်းတန်ရဲ့ Two Man Show ဖျော်ဖြေပွဲကြီးကို မကြာခင်မှာ ကြည့်ရှုရတော့မှာပါ။

တစ်ကိုယ်တော် သီဆိုဖျော်ဖြေမှုတွေနဲ့ ကင်းကွာနေတာကြောင့် အားပေးကြတဲ့ ပရိသတ်တွေအတွက် စီစဉ်ဖြစ်တာလို့ မြန်မာပြည်သိန်းတန်က ဆိုလာပါတယ်။ မြန်မာပြည်သိန်းတန်နဲ့ Two Man Show ဖြစ်အောင် ပါဝင်အားဖြည့်မယ့်သူကတော့ တေးသံရှင် ရန်အောင်ဖြစ်ပြီး ဖျော်ဖြေပွဲ အသေးစိတ်ကိုတော့ စီစဉ်နေဆဲလို့ သိရပါတယ်။

ပရိသတ်တွေကို အသိပေးဖို့စောနေပေမယ့်လည်း ဒီဖျော်ဖြေပွဲမှာ စတူဒီယိုတေးသီိချင်းတွေအပြင် နှစ်ယောက်ပေါင်းပြီး Rock & Roll စတိုင်တွေ၊ တစ်ကိုယ်တော်ဖျော်ဖြေမှုတွေမှာ မသီဆိုဖူးတဲ့ တေးသီချင်းတွေအပြင် သီချင်းအသစ်တွေဖျော်ဖြေမယ်လို့ မြန်မာပြည် သိန်းတန်က ဆိုလာပါတယ်။

မြန်မာပြည်သိန်းတန် အနေနဲ့ လတ်တလောမှာ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးဖို့လက်ခံထားပြီး ဖျော်ဖြေပွဲကို ဒီနှစ်ကုန်မှာ ကျင်းပဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ရုပ်သံသတင်းထောက် - အေးမြတ်

Category

🗞
News

Recommended