• 9 years ago
ရခိုင်ပြည်နယ်မှာဖြစ်ပေါ်နေတဲ့ ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး အသက် ၃၀ နှစ်အောက် လူငယ်စကားဝိုင်းတစ်ခုကို ဒီကနေ့ စက်တင်ဘာလ ၁၇ ရက်နေ့ မနက်ပိုင်းက ရန်ကုန်မြို့ summit park view ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဒီစကားဝိုင်းကနေ လူငယ်တွေရဲ့ အသံတွေ၊ လူငယ်တွေရဲ့ သဘောထားအမြင်တွေနဲ့ အကြံပြုချက်တွေရရှိစေဖို့ ရည်ရွယ်လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

စကားဝိုင်းအစီအစဉ်ကို မဇ္ဈိမမီဒီယာနဲ့ ရန်ကုန်လူငယ်ကွန်ယက်တို့ ပူးပေါင်းပြီး စီစဉ်တာပါ။ ရခိုင်ပဋိပက္ခဖြစ်စဉ်နဲ့ ပတ်သက်ပြီး အွန်လိုင်းပေါ်ကနေ အမုန်းပွားစကားတွေနဲ့ အကြောက်တရားတွေကို ဘယ်လိုရင်ဆိုင်ကျော်လွှားကြမလဲ၊ ဖြစ်စဉ်တွေကို ဘယ်လို အကောင်းဆုံးအဖြေရှာကြမလဲ အစရှိတာတွေကို ဆွေးနွေးတိုင်ပင်ခဲ့ကြတာဖြစ်ပါတယ်။

အဲဒီပွဲကို ဘာသာမတူသူတွေ၊ နိုင်ငံရေးစိတ်ဝင်စားသူတွေနဲ့ ရခိုင်ပြည်နယ်အရေး စိတ်ဝင်စားတဲ့ အသက် ၃၀ အောက်လူငယ်တွေကတက်ရောက်ခဲ့ကြပြီး၊ ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီး သူတို့ရဲ့ ထင်မြင်ယူဆချက်တွေကို ဆွေးနွေးညှိနှိုင်းခဲ့ကြတာပဲ ဖြစ်ပါတယ်။

ရုပ်သံသတင်းထောက် - ယဉ်မွန်

Category

🗞
News

Recommended