Skip to playerSkip to main content
  • 9 years ago
တစ်ခေတ်တစ်ခါက ပရိသတ်တွေ ရုံပြည့်ရုံလျှံအားပေးခဲ့ကြတဲ့ သရုပ်ဆောင်နေထက်လင်းဟာ အနုပညာအလုပ်တွေကို လက်ရှိမှာပြန်လည် လှုပ်ရှားလာတာကို တွေ့ရပါတယ်။ အနုပညာအလုပ်တွေကို ငါးနှစ်လောက် ရပ်နားပြီးနောက်ပိုင်းမှာ နေ့မနား ညမနားကားရိုက်ခဲ့ရတဲ့ အချိန်တွေနဲ့ ဝေးကွာခဲ့တယ်လို့ နေထက်လင်းက ဆိုပါတယ်။

အက်ရှင်မင်းသားနေထက်လင်းကို သတိတရရှိနေသေးတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်သလို အနုပညာအလုပ်တွေကို ပြန်လုပ်သွားမယ်လို့ နေထင်လင်းက ပြောပါတယ်။ သူ့အနေနဲ့ အနုပညာလောကရဲ့ တာဝန်ကျတဲ့နေရာတစ်နေရာမှာ အနုပညာ အလုပ်တွေကို ဆက်လုပ်သွားချင်သလို ရုပ်ရှင်လောကဖွံ့ဖြိုးဖို့ အနုပညာလောကသားတိုင်း တာဝန်ရှိကြဖို့ လိုအပ်တယ်လို့ ဖွင့်ဟလာပါတယ်။

လက်ရှိမှာ ဒါရိုက်တာ နေသူရိန် ရိုက်ကူးမယ့် “မုန်တိုင်းကို ရင်ဆိုင်ခဲ့သူတွေ” ဇာတ်လမ်းတွဲမှာ ပါဝင်မှာဖြစ်သလို ဗီဒီယိုဇာတ်ကားတွေ လက်ခံထားတယ်လို့ သိရပါတယ်။

ရုပ်သံသတင်းထောက် - အေးမြတ်

Category

🗞
News

Recommended