Skip to playerSkip to main content
  • 9 years ago
ရက်ကန်းထည်တွေထဲမှာ သဘာဝ ဆိုးဆေးသုံးရက်ကန်းထည်တွေဟာ အချိန်ကာလ အတော်ကြာ ပျော က်ကွယ်နေတာပါ။ အဲဒီလို ပျောက်ကွယ်လုဖြစ်နေတဲ့ သဘာဝ ဆိုးဆေးနည်းတွေကို ပြန်ဖော်ထုတ်ပြီး မြန်မာ့ချည်ထည်၊ ပိုးထည် တွေကို နိုင်ငံတကာ ဈေးကွက်ရောက်အောင် ကြိုးပမ်းနေတာတွေရှိနေပါပြီ။

ဒါပေမယ့် မြန်မာ့ချည်ထည်တွေ ပြည်ပကို တင်ပို့နိုင်ဖို့ အခက်အခဲတွေက ရှိနေဆဲပါ။ အဲဒီအခက်အခဲတွေထဲမှာ အရည်အသွေးပိုင်း ကလည်း အရေးပါတဲ့နေရာက ရှိနေတယ်လို့ မြန်မာ့ ချည်ထည်တွေကို ပြည်ပကိုတင်ပို့ရောင်းချနေတဲ့ မဖြူ အိသိမ်းက ဆိုပါတယ်။ မြန်မာ့ချည်ထည်တွေကို ဂျပန်နိုင်ငံကို စတင်တင်သွင်းရောင်းချခဲ့တဲ့ မဖြူအိသိမ်းကတော့ မြန်မာ့ရက်ကန်း လောကရဲ့ အခြေအနေတွေကို အမှတ်မထင် လေ့လာခွင့်ရခဲ့တာပါ။

လက်ရှိမှာတော့ မြန်မာ့ချည်ထည်တွေ အမျာဆုံးစုဝေးရာနေရာကတော့ မန္တလေးတိုင်း အမရပူရမြို့နယ်ပါ။ ထုတ်လုပ်နိုင်တဲ့ချည် အမျိုးအစားတွေက ပင်နီ၊ ချည်၊ လက်ကျစ်ပိုး၊ စတာတွေသာရရှိနိုင်ပါတော့တယ်။ ချည်မှာလည်း နှစ်၈၀ ၊နှစ်၁၀၀ ချည် အမျိုးအစားတွေကို မထုတ်နိုင်ကြတော့ဘူးလို့ သိရပါတယ်။

ရက်ကန်းပညာဖွံဖြိုးဖို့ တစ်ပိုင်တစ်နိုင် လက်ဆင့်ကမ်း မိရိုးဖလာနည်းနဲ့ သင်ကြား နေတာတွေရှိသလို ၊ မန္တလေးတိုင်းအတွင်းမှာ ဆိုရင်လည်း ရက်ကန်းပညာသင်ကျောင်း တွေရှိ နေပါတယ်။

ဒါပေမယ့် မြန်မာ့ချည်ထည်၊ ပိုးထည်တွေ နိုင်ငံတကာ ဈေးကွက်ဝင်ရောက်နိုင်ဖို့အတွက်တော့ လိုအပ်ချက်တွေ ရှိနေဆဲပါ။

ရုပ်သံသတင်းထောက်-ခင်ဝိုင်းဖြူဖြူ

Category

🗞
News

Recommended