Skip to playerSkip to main content
  • 9 years ago
တစ်နိုင်ငံလုံးမှာရှိတဲ့ ဆေးရုံတွေနဲ့ ကျေးလက်ကျန်းမာရေးဌာနတွေအတွက်လိုအပ်တဲ့ ဆေးနဲ့ ဆေးပစ္စည်း စက်ကိရိယာတွေ ၀ယ်ယူဖို့ကျပ်၂၁၈ ဘီလီယံကျော် အသုံးပြုသွားမှာဖြစ်တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတင်းရရှိပါတယ်။

(၂၀၁၇- ၂၀၁၈) ဘဏ္ဍာနှစ်အတွက် ခွင့်ပြုရန်ပုံငွေထဲကနေ ကုသရေးဦးစီးဌာနနဲ့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့က ၀ယ်ယူမှာဖြစ်ပါတယ်။ ကုသရေးဦးစီးဌာနကဆေးနဲ့ ဆေးပစ္စည်းတွေ ၀ယ်ယူဖို့ (၁၁၃.၉၅)ဘီလီယံကျပ်လျာထားကာ ဆေးရုံသုံးစက်ပစ္စည်းတွေ ၀ယ်ယူဖို့ (၅၇.၇၆၄) ဘီလီယံကျပ်လျာထားတာဖြစ်ပါတယ်။

ပြည်သူ့ကျန်းမာရေးဦးစီးဌာန အနေနဲ့ စီမံချက်(၁၆)ခုအတွက် လိုအပ်တဲ့ ဆေးနဲ့ ဆေးပစ္စည်းတွေ ၀ယ်ယူဖို့ကိုတော့ (၂၆.၉၆၃) ဘီလီယံကျပ်လျာထားပြီး စက်ကိရိယာတွေဝယ်ယူဖို့ (၂၀.၁၉)ဘီလီယံကျပ် အသုံးပြုသွားမှာဖြစ်တယ်လို့သိရပါတယ်။

ဆေးဝါးတွေဝယ်ယူဖို့ တင်ဒါခေါ်ယူတဲ့လုပ်ငန်းတွေကို စက်တင်ဘာ(၁၅)ရက်မှစကာ အောက်တာဘာ(၁၆)ရက်အထိ တစ်လအတွင်း လုပ်ဆောင်မှာဖြစ်ပြီး လျှောက်ထားလာတဲ့ တင်ဒါတွေကို စိစစ်သုံးသပ်တာ၊ ၀န်ကြီးဌာန အတည်ပြုချက် ရယူတာတွေကို အဆင့်ဆင့် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် တင်ဒါအောင်တဲ့ ကုမ္ပဏီတွေနဲ့နိုဝင်ဘာလလောက်မှာ စာချုပ်ချုပ်ဆိုတဲ့ လုပ်ငန်းတွေဆောင်ရွက်မှာဖြစ်ပြီး ဆေးပစ္စည်းတွေ တင်သွင်းတဲ့ လုပ်ငန်းတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလမှာ တင်သွင်းလာတဲ့ ဆေးဝါးတွေ အရည်အသွေးကိုက်ညီမှုရှိမရှိ၊ အရေအတွက် မှန်ကန်မှုရှိမရှိ စစ်ဆေးပြီးရင်တော့ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက ဆေးရုံတွေနဲ့ ကျေးလက်ကျန်းမာရေးဌာနတွေကို ဆေးဝါးခွဲတမ်းအလိုက် ဖြန့်ဖြုးပေးသွားမှာဖြစ်ပါတယ်။

ရုပ်သံသတင်းထောက် - လွင်သဲငယ်ဦး

Category

🗞
News

Recommended