Skip to playerSkip to main content
  • 9 years ago
မြန်မာ့ဒီမိုကရေစီပွဲတော် ရုပ်ရှင် ဂီတ သဘင် ပဒေသာကပွဲကို စက်တင်ဘာ ၁၈ ရက်ညက ရန်ကုန်မြို့ အမျိုးသား ကဇာတ်ရုံမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဒီပဒေသာကပွဲမှာ ဂီတ အနုပညာရှင်တွေက မြန်မာသံ နဲ့ စတူဒီယို နှစ်ပိုင်းခွဲပြီး သီချင်းတွေ ဖျော်ဖြေတင်ဆက် ပေးခဲ့ပါတယ်။ ရုပ်ရှင် အနုပညာရှင်တွေရဲ့ဖျော်ဖြေရေးကဏ္ဍမှာတော့ လူမင်း ၊ ဖြိုးငွေစိုး ၊ ကျော်ကျော် ၊ ကျော်ထက်အောင် ၊ ပိုင်ဖြိုးသု နဲ့ ရတနာဗို တို့နဲ့အတူ ဇာတ်ပို့ အနုပညာရှင်တွေပါဝင်ထားတဲ့ ဘုမသိ ဘမသိ ပြဇာတ်နဲ့ တင်ဆက် ပေးခဲ့ပါတယ်။

သဘင်အနုပညာရှင်တွေရဲ့ ဖျော်ဖြေမှုအစီအစဉ်မှာတော့ ဖိုးချစ်ပါဝင်တင်ဆက်ပေးထားတဲ့ အော်ပရာ နဲ့ မန္တလေးမြို့က မင်းသား ဝင်းနောင်နဲ့ အတူ နန်းခင်မွှေး ၊ ဒါလီလင်း ၊ မေတင်မောင်ဆန်းဝင်း ၊ နေခြည်ငြိမ်းချမ်း၊ ဝင်သပြေထွန်း တို့ရဲ့ နှစ်ပါးသွား တင်ဆက်ပေးခဲ့ပါတယ်။

နှစ်ပါးသွား အစီအစဉ်မှာ ဂလက်ဇီ စတား လူရွှင်တော်အဖွဲ့က ပါဝင်တင်ဆက်ပေးခဲ့ပြီး ဧည့်သည် လူရွှင်တော် အ နေနဲ့ ဝေဠုကျော်လည်း ပါဝင်အားဖြည့်ခဲ့ပါတယ်။ ဒီပဒေသာကပွဲကို ဒီနေ့ (စက်တင်ဘာ ၁၉)ရက် ညမှာလည်း ထပ်မံပြုလုပ်သွားမှာဖြစ်ပါတယ်။

ရုပ်သံသတင်ထောက် - ဇွဲဥာဏ်

Category

🗞
News

Recommended