Skip to playerSkip to main content
  • 9 years ago
နာမည်ကျော် အဆိုတော် နီနီခင်ဇော်ရဲ့ တတိယမြောက် တေးအယ်လ်ဘမ်သစ်ဟာ လာမယ့်အောက်တိုဘာလ(၂၉) ရက်နေ့မှာ ထွက်ရှိတော့မှာဖြစ်တယ်လို့ သတင်းရရှိပါတယ်။

ဒီသီချင်းခွေအသစ်ထဲမှာအဆိုတော်နီနီခင်ဇော်ကိုယ်တိုင်ရေးစပ်ထားတဲ့ သီချင်းပုဒ်ရေ တစ်ဝက်ပါ ၀င်ပြီး မကြာသေးခင်က ထွက်ရှိထားတဲ့ မူး သီချင်းကိုလည်း ဒီအခွေထဲမှာပါ ထည့်သွင်းထားတယ်လို့ သိရပါတယ်။

အယ်လ်ဘမ်အသစ်မှာ အနုပညာပုံစံနဲ့ သီချင်းပုံစံအသစ်တွေဖန်တီးထားပြီး အယ်လ်ဘမ် အမည်ကို စဉ်းစားနေဆဲဖြစ်ပြီး မကြာခင်မှာ အသိပေးသွားမယ်လို့ အဆိုတော် နီနီခင်ဇော်က ပြောပါတယ်။

ဒါ့အပြင် လာမယ့်နိုဝင်ဘာလ (၅)ရက် စင်ကာပူနိုင်ငံမှာ ကျင်းပမယ့် တေးဂီတဖျော်ဖြေပွဲမှာလဲ သွားရောက်ဖျော်ဖြေဖို့ ရှိတယ်လို့ သိရပါတယ်။

အဲ့ဒီဖျော်ဖြေပွဲကို စင်ကာပူမှာရှိတဲ့ New Generation Event Crew က စီစဉ်တာဖြစ်ပြီး အဆိုတော်တွေအနေနဲ့ နီနီခင်ဇော်၊ဝေလ၊ဂျီလတ်နဲ့ ကောင်းဆက်တို့ သီဆိုဖျော်ဖြေမှာဖြစ်ပါတယ်။

ရုပ်သံသတင်းထောက် - လွင်သဲငယ်ဦး

Category

🗞
News

Recommended