မနက်ခင်း သတင်းစာ အစီအစဉ်က နေ့စဉ်ထုတ် 7Day Daily သတင်းစာမှာ ပုံနှိပ်ဖော်ပြပြီးဖြစ်တဲ့ သတင်းတွေထဲက အချို့ကို ကောက်နှုတ်တင်ဆက်သွားမှာ ဖြစ်ပါတယ်။
ဒီနေ့တင်ဆက်ပေးသွားမယ့် သတင်းတွေကတော့ ရခိုင်အရေး နိုင်ငံတကာ၏ ဆန်းစစ်မှုကို ကြောက်ရွံ့နေမည် မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြားဆိုတဲ့သတင်း ၊ ဥပဒေနှင့်အညီ နေထိုင်သည့် မွတ်စလင်ကျေးရွာများကို စောင့်ရှောက်ထားကြောင်း ကာကွယ်ရေးဝန်ကြီးပြောဆိုတဲ့သတင်း ၊ တိုင်းဒေသကြီး၊ ပြည်နယ်ကိုးခုတွင် နေရာကွက်မိုးကြီးနိုင်ကြောင်း မိုးဇလ သတိပေးဆိုတဲ့ သတင်းနဲ့ ရုရှားစစ်ရေး လေ့ကျင့်မှုသည် စစ်ပွဲအတွက် ပြင်ဆင်ခြင်းဖြစ်နိုင်ဟု နေတိုးအဖွဲ့ခေါင်းဆောင်ပြောတဲ့သတင်းတွေပဲ ဖြစ်ပါတယ်။
မနက်ခင်း သတင်းစာ အစီအစဉ်ကို တနလာင်္နေ့မှ သောကြာနေ့အထိ နေ့စဉ် နံနက် ၁၀ နာရီတိုင်းမှာ တင်ဆက်သွားမှာဖြစ်ပါတယ်။