Skip to playerSkip to main content
  • 9 years ago
ရန်ကုန်တိုင်းဒေသကြီး အစိုးရ အနေနဲ့ YBSယာဉ်လိုင်းတွေမှာ ကတ်စနစ်နဲ့ငွေပေးချေတဲ့လုပ်ငန်းကို လာမယ့် လာမယ့်နှစ် ဇန်နဝါရီ ဒါမှမဟုတ်ရင် ဖေဖော်ဝါရီလလောက်မှာ စတင်မယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး နော်ပန်းသဉ္ဇာမျိုးကပြောပါတယ်။

အဲဒီလို စတင်အသုံးပြုရာမှာ ယာဉ်လိုင်းတစ်လိုင်း၊နှစ်လိုင်းကို ရှေ့ပြေးအနေနဲ့ စမ်းသပ်သွားမယ်လို့ ဝန်ကြီး နော်ပန်းသဉ္ဇာမျိုးကပြောပါတယ်။ အဲဒီလိုဖော်ဆောင်ဖို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့က ဆောင်ရွက်နေတာ ၇၅ ရာခိုင်နှုန်းလောက် ပြီးစီးနေပြီလို့လည်း သိရပါတယ်။

တိုင်းအစိုးရက စီစဉ်ထားတဲ့စနစ်က ခရီးစဉ်မိုင်အလိုက် ငွေပေးချေရမှာဖြစ်တယ်လို့သိရပါတယ်။ ကတ်စနစ် အသုံးပြုဖို့အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့က ပြုလုပ်ထားတဲ့ နည်းစနစ်အပြင် ပုဂ္ဂလိက ပြည်တွင်း၊ပြည်ပကုမ္ပဏီတွေ အနေနဲ့ကလည်း ဆောင်ရွက်လိုပါက အဆိုပြုလွှာတင်သွင်းနိုင်မှာဖြစ်ပါတယ်။

တင်သွင်းလာတဲ့အပေါ် မူတည်ပြီး သင့်တော်တဲ့ စနစ်ကိုသာ ရွေးချယ်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ရုပ်သံသတင်းထောက် - အိမ့်မြတ်နိုးဇော်

Category

🗞
News

Recommended