Skip to playerSkip to main content
  • 9 years ago
မက္ကဆီကိုနိုင်ငံ အလယ်ပိုင်းမှာ ရစ်ခ်ျတာစကေး ၇.၁ အဆင့်ရှိတဲ့ ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့တဲ့နောက် သေဆုံးသူ အရေအတွက် ၂၀၀ ကျော်ထိ မြင့်တက်လာတယ်လို့ သိရှိရပါတယ်။

စက်တင်ဘာ ၁၉ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ မြေတိမ်ပိုင်း ဧရိယာကို ဗဟိုပြုခဲ့တဲ့အတွက် မြေမျက်နှာပြင်ပေါ်မှာ ပျက်စီးဆုံးရှုံးမှုတွေ ပိုမို ပြင်းထန်ခဲ့တာ ဖြစ်ပါတယ်။ မက္ကဆီကိုစီးတီးအပြင် မိုရီလော့စ်နဲ့ ပြူဘလာတို့မှာ လူနေတိုက်တာ အဆောက်အအုံတွေပါ ပြိုကျ ပျက်စီးသွားခဲ့ပါတယ်။

လက်ရှိ အချိန်ထိ အသေအပျောက်စာရင်း ၂၂၀ လောက် ရှိနေပြီဖြစ်ပြီး ကယ်ဆယ်ရေးတွေက အပျက်အစီးတွေအောက်မှာ ပိတ်မိနေသူတွေကို ရှာဖွေ ကယ်ဆယ်ဖို့ ကြိုးစားနေဆဲပါ။ မက္ကဆီကိုစီးတီးမှာ စာသင်ကျောင်းတစ်ခု ပြိုကျခဲ့တာကြောင့် ကလေးငယ် ၂၀ ကျော်လည်း အသက်ဆုံးရှုံးခဲ့ရပါတယ်။

မက္ကဆီကို တောင်ပိုင်း ကမ်းလွန်မှာ အခုလ အစောပိုင်းကလည်း ရစ်ခ်ျတာစကေး ၈.၁ အဆင့်ရှိတဲ့ ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့ပြီး အဲဒီဖြစ်ရပ်မှာလည်း လူပေါင်း ၉၀ လောက် အသေအပျောက် ရှိခဲ့ပါတယ်။

Category

🗞
News

Recommended