• 9 years ago
ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာဖိအားပေးတာတွေကို အလျှော့မပေးသင့်ဘူးလို့ ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဖြစ်သူ ကာကွယ်ရေး ဝန်ကြီးဟောင်း ဦးဝေလွင်က ပြောဆိုလိုက်ပါတယ်။

ဒီကနေ့ စက်တင်ဘာလ ၂၁ ရက်နေ့ က နေပြည်တော်၊ ဗုဗ္ပသိရီမြို့နယ်၊ ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရုံးမှာ ပြုလုပ်တဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်လာတဲ့ရခိုင်ပြည်နယ်အရေး ခေါင်းစဉ်နဲ့ ကျင်းပတဲ့ ဆွေးနွေးပွဲအပြီးမှာ ပြောဆိုလိုက်တာဖြစ်ပါတယ်။

ဒါအပြင် ရခိုင်ပြည်နယ်မှာ လုံခြုံရေးတာဝန်ယူထားတဲ့ တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကို စွပ်စွဲချက်တွေခံနေရတာနဲ့ ပတ်သက်ပြီး အစိုးရအနေနဲ့ အကာအကွယ်ပေးနိုင်မယ့် ဥပဒေတွေနဲ့အညီ ရပ်တည်ပေးဖို့လည်း တိုက်တွန်းပြောဆိုလိုက်ပါတယ်။

၁၉၈၂ ခုနှစ်နိုင်ငံသားဥပဒေကိုလည်း လက်ရှိအာဏာရပါတီအနေနဲ့ လွှတ်တော်အတွင်းမှာ ပြင်ဆင်မှုတွေမလုပ်ဖို့နဲ့ ပတ်သက်ပြီး ဦးဝေလွင်က အခုလိုမှတ်ချက်ပေးပါတယ်။

အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်လာတဲ့ ရခိုင်ပြည်နယ်အရေး ခေါင်းစဉ်နဲ့ဆွေးနွေးပွဲတွေကို အခြားတိုင်းနဲ့ပြည်နယ်တွေမှာလည်း လုပ်ခွင့်ရရှိပါက လုပ်ဆောင်သွားချင်တယ်လို့ ဦးဝေလွင်ကပြောပါတယ်။

ရုပ်သံသတင်းထောက် - မောင်သင်တုန်း

Category

🗞
News

Recommended