အောင်ရဲလင်းနဲ့ ချစ်သူတွေဖြစ်နေတယ်ဆိုတဲ့အကြောင်းကိုတရားဝင်ပြောကြားခဲ့သလို အခုချိန်မှာတော့ တစ် ယောက်တည်းဖြစ်သွားပြီလို့ ဆိုလာသူက Beauty Blogger နေခြည်ဦးပါ။
လူငယ်တွေမဟုတ်တော့ကြောင့် ဒီအချိန်မှာ ချစ်တာတစ်ခုတည်းနဲ့ Relationship ကိုတည်ဆောက်နိုင်မှာ မဟုတ်ပဲ နားလည်မှု တွေ ယုံကြည်မှုတွေလိုတယ်လို့ ၎င်းကဆိုပါတယ်။
Single ဖြစ်သွားပေမယ့် ပျော်နေပါတယ်ဆိုတဲ့ နေခြည်ဦးက သရုပ်ဆောင်ကိုလည်းဝါသနာပါပြီးဇာတ်ကားတွေရိုက်ကူးချင်ပေမယ့် သရုပ်ဆောင်ပညာက ခက်ခဲနက်နဲသလို အချိန်လည်းမပေးနိုင်တာကြောင့် လောလော ဆယ်မှာတော့ အမ်တီဗီနဲ့ ကြော်ငြာတွေ ရိုက်ကူးဖြစ်တယ်လို့ဆိုပါတယ်။
ရုပ်သံသတင်းထောက် - ဇွဲဥာဏ်