Skip to playerSkip to main content
  • 9 years ago
အိန္ဒိယနိုင်ငံ မြောက်ပိုင်းမှာ ပြည်နယ် အစိုးရ ဝန်ကြီးတစ်ဦးရဲ့ ယာဉ်တန်းကို စစ်သွေးကြွတွေက လက်ပစ်ဗုံးနဲ့ တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။

စက်တင်ဘာ ၂၁ ရက်က ဂျမ်မူနဲ့ ကက်ရှ်မီးယား ပြည်နယ် အစိုးရရဲ့ ပြည်သူ့လုပ်အား ဝန်ကြီးဖြစ်သူ နာအီမ်အက်ခ်ထာ စီးနင်းလိုက်ပါလာတဲ့ ယာဉ်တန်းကို စစ်သွေးကြွတွေက တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ လက်ပစ်ဗုံး ပေါက်ကွဲမှုကြောင့် လမ်းသွားလမ်းလာ ပြည်သူနှစ်ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်။ ဝန်ကြီးကတော့ ကံကောင်းထောက်မစွာနဲ့ အထိအခိုက် မရှိဘဲ လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။

ဝန်ကြီးဟာ ကက်ရှ်မီးယား တောင်ပိုင်းက လုပ်ငန်းစီမံကိန်း တစ်ခုကို စစ်ဆေးဖို့ အသွားမှာ ကြားဖြတ် တိုက်ခိုက်ခြင်း ခံခဲ့ရတာပါ။ ကက်ရှ်မီးယားမှာ အစွန်းရောက် အစ္စလာမ်မစ် စစ်သွေးကြွ အုပ်စုတွေ လှုပ်ရှားနေပြီး အရင်ကလည်း အစိုးရ ဝန်ထမ်းတွေနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ဖူးပါတယ်။

ဒီနှစ်အတွင်း အဲဒီပြည်နယ်မှာ စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ အရေအတွက်ဟာ ၄၄ ဦးထိ ရှိလာပြီလို့လည်း သိရပါတယ်။

Category

🗞
News

Recommended