Skip to playerSkip to main content
  • 9 years ago
ရှေ့နေ ဦးကိုနီ အသတ်ခံရမှုအတွက် ဖမ်းဆီးခံထားရတဲ့ ဇေယျာဖြိုးက စပါယ်ရှယ်ပါဝါ လွှဲအပ်ဖို့ ရုံးထုတ်ချိန်အတွင်းမှာ လုပ်ဆောင်ခဲ့တာကို လုံခြုံရေးရဲအရာရှိနဲ့ သက်ဆိုင်ရာတရားရုံးကို တရားဝင် အသိမပေးခဲ့ဘူးလို့ သိရပါတယ်။

ရှေ့နေဦးကိုနီ အသတ်ခံရမှုအတွက် ၂၅ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးမှုကို ဒီနေ့ စက်တင်ဘာလ ၂၂ ရက်က မြောက်ပိုင်းခရိုင် တရားရုံးမှာ စစ်ဆေးခဲ့ပြီး တရားလိုသက်သေ ငါးဦးကို ဆက်လက်စစ်ဆေးခဲ့ပါတယ်။ ရုံးချိန်မှာ တရားခံ ဇေယျာဖြိုးက သူ့ရဲ့ စီးပွားရေးကိစ္စအတွက် စပါယ်ရှယ်ပါဝါ လုပ်ဆောင်ခဲ့ပြီး အဲ့ဒါနဲ့ ပတ်သတ်လို့ တရားဝင် အသိပေးပြောကြားခဲ့တာ မရှိခဲ့ဘူးလို့ အမှုမှာ အသတ်ခံရသူတစ်ဦး ဖြစ်တဲ့ ဦးနေဝင်းရဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင်က ဝေဖန်ထောက်ပြခဲ့ပါတယ်။

နောက်ပြီး ဦးရောဘတ်စန်းအောင် အနေနဲ့ အဲ့ဒီကိစ္စအပေါ် တရားရုံးဘက်ကိုလဲ အသိပေး ပြောကြားထားတယ်လို့ ဆိုပါတယ်။
အမှုအတွက် တရားလိုပြသက်သေ ၈၀ ဦး တင်သွင်းထားပြီး တပတ်တကြိမ် သောကြာနေ့တိုင်း ရုံးထုတ်စစ်ဆေးနေတာ ဖြစ်ပါတယ်။ ဒီကနေ့ ရုံးချိန်းအထိ တရားလိုပြ သက်သေ ၃၈ ဦး စစ်ဆေးထွက်ဆိုပြီးသွားပြီလို့ သိရပါတယ်။ ဦးကိုနီနဲ့ ဦးနေဝင်းတို့ အသတ်ခံရမှု အတွက် တရားခံ ကြည်လင်း အပါအဝင် ဇေယျာဖြိုး၊ အောင်ဝင်းဇော်နဲ့ အောင်ဝင်းထွန်းတို့ ဖမ်းဆီးထားပြီး ရုံးထုတ်စစ်ဆေးနေတာ ဖြစ်ပါတယ်။

အဲ့ဒီထဲက တရားခံ အောင်ဝင်းခိုင်ကတော့ ထွက်ပြေးလွတ်မြောက်နေပြီး တရားခံပြေးအဖြစ် သတ်မှတ်ထားကာ ရှာဖွေနေဆဲ ဖြစ်ပါတယ်။

ရုပ်သံ သတင်းထောက်- အလှလေး သူဇာ

Category

🗞
News

Recommended