Skip to playerSkip to main content
  • 9 years ago
တူရကီနိုင်ငံ၊ အီစတန်ဘူလ်မြို့မှာ လေယာဉ်ငယ်တစ်စီး ပျက်ကျပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပေမယ့် ကံကောင်းထောက်မစွာနဲ့ အသေအပျောက် မရှိခဲ့ဘူးလို့ သိရပါတယ်။

စင်းလုံးငှား ကိုယ်ပိုင်လေယာဉ်ငယ်ဟာ စက်တင်ဘာ ၂၁ ရက်က အေတာတက် နိုင်ငံတကာ လေဆိပ်ကို ဆင်းသက်ချိန်မှာ ပြေးလမ်းချော်သွားပြီး ပျက်ကျခဲ့တာ ဖြစ်ပါတယ်။ လေယာဉ်ကို မီးကူးစက် လောင်ကျွမ်းခဲ့ပေမယ့် လေယာဉ်မှူးတစ်ဦး၊ အမှုထမ်းတစ်ဦးနဲ့ ခရီးသည်တစ်ဦးတို့ဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လေယာဉ်ထဲက လွတ်မြောက်လာခဲ့ကြပါတယ်။

ကယ်ဆယ်ရေးတွေ ရောက်ရှိသွားပြီး လေယာဉ်ပေါ် ပါလာသူ လေးဦးကို ဆေးရုံ ပို့ဆောင်ပေးခဲ့ပေမယ့် စစ်ဆေးစမ်းသပ်မှုတွေ အပြီးမှာ ဆေးရုံက ပြန်ဆင်းခွင့် ပေးခဲ့ပါတယ်။ လေယာဉ်မှာ စွဲလောင်နေတဲ့မီးကို အီစတန်ဘူလ် မီးသတ်တပ်ဖွဲ့က ငြှိမ်းသတ်ခဲ့ရပြီး လေဆိပ်ကိုလည်း ယာယီ ပိတ်ခဲ့ရပါတယ်။

လေယာဉ်မှာ စက်ချွတ်ယွင်းမှုတစ်ခု ရှိနေကြောင်း ဖော်ထုတ် တွေ့ရှိပြီးတဲ့နောက် လေယာဉ်မှူးက နောက်ကြောင်းပြန်လှည့် ဆင်းသက်ချိန်မှာ ပျက်ကျခဲ့တာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကို ဆက်လက် စုံစမ်းနေတယ်လို့လည်း သိရပါတယ်။

Category

🗞
News

Recommended