နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ညွှန်ကြားချက်နဲ့ တစ်နိုင်ငံလုံးမှာ ပဲစားပွဲတော်တွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ လက်ရှိမှာ အိန္ဒိယနိုင်ငံက ပဲတင်သွင်း ကန့်သက်လိုက်တာကြောင့် ပြည်တွင်းမှာ ပိုလျံလာမယ့်ပဲတွေကို ပြည်သူလူထု ပိုမိုစားသုံးလာဖို့ အတွက် လုပ်ဆောင်တာဖြစ်ပါတယ်။
လတ်တလောမှာ ပြည်တွင်းမှာ စိုက်ပြီးသားပဲတစ်ချို့လည်း ပိုလျှံနေတဲ့အတွက် နီပေါနိုင်ငံရေဘေးကိုလည်း ဆန်အစား ပဲတွေကို လှူဒါန်းသွားဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ ဒါအပြင် လာမယ့် ပဲမျိုးစုံ စိုက်ပျိုးချိန်မှာ ပဲအစား အခြားဆီထွက်သီးနှံတွေ စိုက်ပျိုးနိုင်ဖို့ကိုလည်း စီစဉ်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
မကြာခင်မှာ ထွက်ရှိလာမယ့် ပဲစဉ်းငုံကိုတော့ တောင်သူတွေအတွက် ဈေးကွက်မရှိရင် အစိုးရအဖွဲ့နဲ့လုပ်ငန်းရှင်တွေပူးပေါင်းပြီး စိုက်ပျိုးစရိတ်မရှုံးတဲ့ဈေးနှုန်းတစ်ခု သက်မှတ်ာ ၀ယ်ယူသွားမယ်လို့ သိရပါတယ်။
ရုပ်သံသတင်းထောက် - မောင်သင်တုန်း