Skip to playerSkip to main content
  • 9 years ago
မြန်မာ့ဒီမိုကရေစီပွဲတော် အငြိမ့်ပြိုင်ပွဲမှာ လူငယ်မျိုးဆက်သစ်တွေ မွေးထုတ်ပေးခဲ့ပြီး ဆုအရေအတွက်လည်း တိုးမြှင့်၍ ပေးခဲ့ပါတယ်။

ပြိုင်ပွဲရဲ့ နောက်ဆုံးဖိုင်နယ်ပွဲစဉ်တွေကို စက်တင်ဘာ ၂၀ နဲ့ ၂၁ ရက်တွေမှာ ပြုလုပ်ခဲ့တာပါ။ နောက်ဆုံး ဖိုင်နယ်အဆင့် တက်လာတဲ့ အသင်းရှစ်သင်းက တစ်ရက်ကိုလေးသင်းစီခွဲပြီး ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။ စက်တင်ဘာ ၂၁ ရက် ယှဉ်ပြိုင်မှု အစီအစဉ်များ အပြီးတွင် ဆုပေးပွဲ အခမ်းအနားကို ဆက်လက်ပြုလုပ်ခဲ့ပြီး ပထမဆုကို ပရိသတ်အားပေးမှု အများဆုံးရရှိခဲ့သည့် ဇွဲ အငြိမ့်အဖွဲ့က ရရှိခဲ့သည်။

ဇွဲအဖွဲ့က အကောင်းဆုံး အဖွဲ့လိုက်ဆု၊ မျိုးဆက်သစ်ဆုနဲ့ ပရိသတ်အကြိုက်ဆုံးဆုတွေကိုလည်း ရရှိခဲ့ပါတယ်။ ဒုတိယနဲ့ တတိယဆုတွေကို ခေတ်သစ်ကြေးမုံ အဖွဲ့ နဲ့ ရွှေညာမြေရဲ့ကြယ်ပွင့်များအဖွဲ့တွေက အသီးသီးရရှိခဲ့ တာပါ။ ခေတ်သစ်ကြေးမုံ အဖွဲ့က အကောင်းဆုံးဆိုင်းအဖွဲ့ ဆုရရှိခဲ့သလို ရွှေညာမြေရဲ့ကြယ်ပွင့်များ အဖွဲ့ကလည်း အကောင်းဆုံးမင်းသမီးဆု ထပ်မံ ဆွတ်ခူးခဲ့ကြတာ ဖြစ်ပါတယ်။ ထပ်တိုးဆုတစ်ဆု အနေနဲ့ ချီးမြှင့်ခဲ့တဲ့ အကောင်းဆုံးတေးသီချင်းဆုကို မော်ဒယ်ဟား အဖွဲ့မှ မန္တလေးသား သူရက ရရှိခဲ့တာဖြစ်ပါတယ်။

ပြိုင်ပွဲရဲ့ ပဏာမအဆင့် ပွဲစဉ်တွေကို ရန်ကုန်နဲ့ မန္တလေးတို့မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ နောက်ဆုံးပြိုင်ပွဲမှာ အကဲဖြတ်ဒိုင်တွေ အဖြစ် ဦးမိုးဒီ ဦးပေါစိန် ဦးငြိမ်းမင်း ဦးညွန်လှိုင်လှိုင် ဦးကိုကိုနိုင် ဒေါ်အုံးရီနဲ့ ဒေါ်နန်းခင်မွှေးတို့က ဆောင်ရွက်ပေးခဲ့ကြပါတယ်။

ပြိုင်ပွဲပြုလုပ်တဲ့ နှစ်ရက်စလုံးကို လာရောက်ကြည့်ရှုသူများအတွက် YBS ကားတွေ အခမဲ့စီးနိုင်အောင် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က နေရာခြောက်နေရာခွဲပြီး စီစဉ်ပေးခဲ့တာဖြစ်ပါတယ်။ ပွင့်လင်းရာသီကျရင် ရန်ကုန်တိုင်း အတွင်းက မြို့နယ် ၄၅ မြို့နယ်မှာ အပတ်စဉ် ဖျော်ဖြေပွဲတွေ လုပ်သွားမယ်လို့လည်း သိရပါတယ်။

ရုပ်သံသတင်းထောက်- ဇွဲဥာဏ်

Category

🗞
News

Recommended