Skip to playerSkip to main content
  • 9 years ago
ရှေးခေတ်လူကြီးလူကောင်းစတိုင် ဝတ်ပြီး ဆိုင်ကယ်အလှစီးတဲ့ပွဲကို မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် အဖြစ် တောင်ကြီးမြို့မှာ ကျင်းပခဲ့ပါတယ်။ Distinguished Gentleman 's Ride နာမည်နဲ့ ဆိုင်ကယ်စီးနင်းမောင်းနှင်ပွဲက စက်တင်ဘာ ၂၄ ရက်တိုင်း တစ်ကမ္ဘာလုံးမှာ ကျင်းပကြပေမယ့် တောင်ကြီးမှာတော့ ဒီနှစ်မှ စလုပ်တာပါ။

ပွဲမှာ ပါဝင်တဲ့ ဆိုင်ကယ်စီးနှင်းသူတွေက ရှေးခေတ်လူကြီးလူကောင်းစတိုင် အ၀တ်အစားတွေနဲ့ အလှဆင်ထားတဲ့ ဆိုင်ကယ်တွေကို စီးပြခဲ့ကြတာ ဖြစ်ပြီး ရရှိလာတဲ့ ရံပုံငွေတွေကို လှူဒါန်းပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဆီးကျိတ်ကင်ဆာနှင့် စိတ်ခွန်အား အတွက် လူသိများနားလည်မှုမြင့် တက်စေရန် ခေါင်းစဉ်နဲ့ ဒီရံပုံငွေပွဲကို ကျင်းပတာလို့ လည်း ပွဲစီစဉ်သူ ကိုစိုင်းနွံဖက ပြောပါတယ်။

အဲဒီပွဲကို မြန်မာနိုင်ငံတစ်ဝန်းလုံးက ဆိုင်ကယ်စီးနင်းသူတွေ ထိုင်းနိုင်ငံနဲ့ ဖိလစ်ပိုင် အစရှိတဲ့ အာဆီယံနိုင်ငံတွေက ဆိုင်ကယ် စီးနင်းသူတွေ အပါအဝင် စုစုပေါင်း ဆိုင်ကယ် အစီး ၁၅၀ ကျော် ကပါဝင်ခဲ့ကြတာပါ။ ဆိုင်ကယ်သမားတွေက တောင်ကြီးမြို့ အထွက် ၇ မိုင်ကနေ တောင်ကြီး၊ ရွှေညောင်၊ ညောင်ရွှေမြို့များအထိ ဆိုင်ကယ်စီးနင်းခဲ့ကြတာပါ။

ရုပ်သံသတင်းထောက် - ဂျွန်ချစ်ငြိမ်း

Category

🗞
News

Recommended