Skip to playerSkip to main content
  • 9 years ago
ဒီတစ်ပတ် 7Day TV ရဲ့street food အစီအစဉ်ကနေ ဂဏာန်း ကြိုက်သူတွေအတွက် ဂဏန်းချဉ်စပ်၊ ဂဏာန်းမဆလာ ရောင်းချတဲ့ ဆိုင်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဂဏာန်းဆီနဲ့သာပြန်ချက်ထားတဲ့ ဂဏာန်းမဆလာချက်ရဲ့ အနံ့ကတော့ ဆိုင်ကို မရောက်ခင်ကတည်းကကို ဂဏန်းစားချင်အောင် ဆွဲဆောင်နေတာပါ။

ငရုပ်သီးရဲရဲ ရှမ်းနံနံ လေးတွေ အုပ်ထားတဲ့ ဂဏာန်းတွေက အမြင်နဲ့တင် အရသာရှိမယ့်ပုံလည်းပေါက်နေပါတယ်။ တစ်နေ့စာ တစ်နေ့သာ ချက်ရောင်းတာပါလို့ဆိုတဲ့ ဒီဆိုင်က တွန်းလှည်းလေးနဲ့ရောင်းချပြီး ဆိုင်မှာ ထိုင်စားစရာ နေရာထိုင်ခင်း မရှိတာ ပါဆယ်ပဲ ဝယ်လို့ရမှာပါ။ ဒါကြောင့် အိမ်ကိုဝယ်သွားပြီး အားရပါးရ ဂဏန်းကိုက်လိုသူတွေအတွက်တော့ တာမွေမြို့နယ် ၊ ကျးကွက်သစ် လမ်းထဲက ဘယသုဒ္ဒိလမ်းသွယ်ထိပ်မှာ ရောင်းချတဲ့ မွှေးမွှေးလေး ဂဏာန်းမဆလာချဉ်စပ်ဆိုင်ကို သွားရောက်မြည်းစမ်းကြည့်ဖို့ ညွှန်းလိုက်ပါတယ်။

သူ့ဆိုင်မှာရောင်းချတဲ့ ဂဏာန်းဟင်းတစ်ပွဲက ၃၀၀၀ ၊ ၅၀၀၀ နဲ့ ၆၀၀၀ ပါ။ ဂဏာန်း လက်မချည်းပဲကတော့ တစ်ပွဲကို ကျပ် ၂၀၀၀ လို့လည်း သိရပါတယ်။

ရုပ်သံသတင်းထောက်-ခင်ဝိုင်းဖြူဖြူ

Category

🗞
News

Recommended