Skip to playerSkip to main content
  • 9 years ago
ရုပ်ရှင်သရုပ်ဆောင်သွန်းဆက်ဟာ ဒီကနေ့မနက်ပိုင်းက သူမရဲ့မိခင်နဲ့အတူ ခေမာရာမသီလရှင်စာသင်တိုက်မှာ သီလရှင် ဝတ်ခဲ့ပါတယ်။

ငယ်ငယ်လေးကတည်းက သီလရှင်ဝတ်ဖို့ စဉ်းစားခဲ့ပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် မဝတ်ဖြစ်ခဲ့ဘူးလို့ သွန်းဆက်ကပြောပါတယ်။ ဒီကနေ့မနက်မှာတော့ သူမရဲ့မိခင်နဲ့အတူ သီလရှင်ဘဝခံယူပြီး စာသင်တိုက်မှာရှိတဲ့ သီလရှင် အားလုံး အတွက် ကြက်ဆီထမင်းနဲ့ ဒါနပြုခဲ့ပါတယ်။

သရုပ်ဆောင် သွန်းဆက်ရဲ့ ဘွဲ့နာမည်ကတော့ သီလနန္ဒီဖြစ်ပြီး ငါးရက်တာ သာသနာ့ဘောင်ဝင်မယ်လို့ သိရပါတယ်။

ရုပ်သံသတင်းထောက် - အေးမြတ်

Category

🗞
News

Recommended