Skip to playerSkip to main content
  • 9 years ago
ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် ရခိုင်ပြည်နယ်ကို နိုင်ငံခြားသားခရီးသည်ပို့ဆောင်ဖို့ စီစဉ်ထားတဲ့ ခရီးစဉ်အချို့ ရွှေ့ဆိုင်းတာ ၊နေရာတွေကို အစားထိုးစီစဉ်ပေးရတာမျိုးတွေ ရှိနေတယ်လို့ သတင်းရရှိပါတယ်။

ပဋိပက္ခတွေဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ် ၃ ခုမှာသာဖြစ်ပွားနေတာဖြစ်ပေမယ့် လူမှုကွန်ယက်စာမျက်နှာတွေကနေတဆင့် ပျံ့နှံ့နေတဲ့ သတင်းတွေကြောင့် ခရီးသွားပြည်သူတွေက စိုးရိမ်မှုတချို့ရှိနေတာလို့ ခရီးသွားအေဂျင်စီတချို့ ကဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀ ရက်နေ့က စစ်တွေမှာ ဖြစ်ပွားခဲ့တဲ့ လူစုလူဝေးကိစ္စရပ်အပြီးမှာ မြောက်ဦးခရီးစဉ်တွေကိုပါ ဖျက်သိမ်းမှုတွေ ရှိလာတာပါ။

ရုပ်သံသတင်းထောက် - ခင်ဝိုင်းဖြူဖြူ

Category

🗞
News

Recommended