Skip to playerSkip to main content
  • 9 years ago
မက္ကဆီကို နိုင်ငံက ငလျင်ဘေးသင့် ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ခွေးမလေး တစ်ကောင်ဟာ သူရဲကောင်းအဖြစ် မြန်မြန်ဆန်ဆန် လူသိများလာပါတယ်။

မက္ကဆီကိုမှာ ရစ်ခ်ျတာစကေး ၇.၁ အဆင့်ရှိ ငလျင်ကြီး လှုပ်ခတ်သွားပြီးတဲ့နောက် ပြိုကျသွားတဲ့ အဆောက်အအုံတွေ အောက်မှာ အသက်ရှင် ကျန်ရစ်သူတွေကို ရှာဖွေဖို့အတွက် ကယ်ဆယ်ရေး ဝန်ထမ်းတွေက အထူးလေ့ကျင့်ထားတဲ့ ခွေးတွေရဲ့ အကူအညီကို ယူနေရပါတယ်။

မက္ကဆီကို ရေတပ်ရဲ့ ကယ်ဆယ်ရေးခွေးလေး ဖရီဒါဟာ လက်ရှိ အချိန်ထိ လူ ၁၂ ယောက်ကို ကယ်ဆယ်ဖို့ ကူညီပေးခဲ့သလို ရုပ်အလောင်း ၄၀ ကိုလည်း ရှာဖွေ ဖော်ထုတ်ပေးခဲ့ပြီးပါပြီ။

Category

🗞
News

Recommended