Skip to playerSkip to main content
  • 9 years ago
ဒီမိုကရေစီ စံချိန် စံညွှန်းတွေအရ မြေလွတ် မြေလပ် မြေရိုင်း ဥပဒေဆိုတာ မရှိသင့်တဲ့ ဥပဒေတစ်ခုလို့ ဝေဖန်မှုတွေ ရှိလာပါတယ်။ ၂၀၁၂ ခုနှစ် မြေလွတ် မြေလပ် မြေရိုင်း ဥပဒေကို ပြန်လည်ပြင်ဆင်တဲ့ ဥပဒေကြမ်းပါအချက်အလက်တွေနဲ့ ပတ်သက်ပြီး ဒီကနေ့ ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ ဆွေးနွေးသူတွေက အခုလို ဝေဖန်ပြောကြားလိုက်တာပါ။

အဲဒီဥပဒေဟာ စီးပွားရေးလုပ်ငန်းကြီးတွေ လုပ်ကိုင်ဖို့အတွက် မြေယာလိုအပ်တဲ့အခါမှာ အသုံးချဖို့သက်သက် ထုတ်ခဲ့တဲ့ ဥပဒေဖြစ်ပြီး တိုင်းရင်းသားတွေရဲ့ ဓလေံထုံးတမ်းအရ မြေယာပိုင်ဆိုင်မှုတွေ ၊ ဓါးမဦးချလုပ်ကိုင်လာတဲ့ တောင်သူတွေ အတွက်တော့ နှိပ်ကွပ်ရုံသက်သက် ဥပဒေလို့ အဆိုပါပွဲမှာ ပါဝင်ဆွေးနွေးသူ ဥပဒေပညာရှင် ဦးမြင့်သွင်ကဝေဖန်ပါတယ်။

ဒီနေ့ ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေအကြံပေးပညာရှင် ဦးငြိမ်းဇာနည်နိုင်၊ ဥပဒေအကြံပေး ပညာရှင် ဦးမြင့်သွင်နဲ့ မြေယာအရေးတက်ကြါ လှုပ်ရှားသူ ဦးခင်မောင်လှိုင်တို့က ဆွေးနွေးခဲ့ကြတာပါ။

ရုပ်သံသတင်းထောက်-ခင်ဝိုင်းဖြူဖြူ

Category

🗞
News

Recommended