Skip to playerSkip to main content
  • 9 years ago
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဂုဏ်သိက္ခာနဲ့ အချုပ်အခြာအာဏာ အတွက် တိုက်ပွဲဝင်နေရတယ်လို့ ပါတီရဲ့ ၂၉နှစ်မြောက်ကြေညာချက်မှာ ထည့်သွင်းထားပါတယ်။ အကြမ်းဖက်ဝါဒနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ခုခံတွန်းလှန်နေရတယ်လို့လည်း ပါရှိပါတယ်။

ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဟံသာမြင့်ကတော့ ပါတီရဲ့ အဖွဲ့ဝင်တွေအားလုံး အနေနဲ့ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးကို ခိုင်ခိုင်မြဲမြဲစွဲကိုင်ဖို့ တိုက်တွန်းထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ၂၉နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဒီနေ့ စက်တင်ဘာ ၂၇ ရက်က ပါတီရုံးချုပ်မှာ ကျင်းပခဲ့ပါတယ်။ အခမ်းအနားကို ပါတီနာယက ဦးတင်ဦး၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေ၊ နိုင်ငံတကာသံတမန်တွေနဲ့ ပါတီဝင်တွေ တက်ရောက်ခဲ့ကြတာ တွေ့ရပါတယ်။

ရုပ်သံသတင်းထောက် - အိမ့်မြတ်နိုးဇော်

Category

🗞
News

Recommended