Skip to playerSkip to main content
  • 9 years ago
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘာဇားကို ရောက်ရှိနေတဲ့ ဘင်္ဂါလီတွေကို တူရကီ ဒုတိယ ဝန်ကြီးချုပ် ရီဆက်ပ် အက်ဒက်က သွားရောက် တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ် မတည်ငြိမ်မှုတွေအတွင်း ကော့စ်ဘာဇားကို လာရောက် ခိုလှုံလာတဲ့ ဘင်္ဂါလီပေါင်း တစ်သိန်းလောက် ရှိနေကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရက ကြေညာထားပါတယ်။ စက်တင်ဘာ ၂၇ ရက်မှာတော့ အက်ဒက်ဟာ ကော့စ်ဘာဇားက ကူတူပါလောင် ခိုလှုံရေးစခန်းကို သွားရောက်ပြီး တိမ်းရှောင် ဘင်္ဂါလီတွေနဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

အက်ဒက်က ဘင်္ဂါလီ အရေးမှာ နိုင်ငံတကာ ပိုမိုပြီး ထဲထဲဝင်ဝင် ဖိအားပေး ကိုင်တွယ် ဆောင်ရွက်ဖို့၊ မြန်မာနိုင်ငံမှာ ဘင်္ဂါလီတွေအတွက် ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ရရှိဖို့ တောင်းဆိုသွားကြောင်းလည်း သိရပါတယ်။

ရဲတပ်ဖွဲ့ စခန်းတွေကို အကြမ်းဖက်သမားတွေက တိုက်ခိုက်ခဲ့ရာက ရခိုင်ပြည်နယ်မှာ ပဋိပက္ခတွေ အစပြုခဲ့တာ ဖြစ်ပေမယ့် နိုင်ငံတကာကတော့ ဘင်္ဂါလီတွေအပေါ် မြန်မာအစိုးရက ဖိနှိပ်ဆက်ဆံနေကြောင်း စွပ်စွဲမှုတွေ ပြုလုပ်နေကြဆဲ ဖြစ်ပါတယ်။

Category

🗞
News

Recommended