ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးတိမ်းရှောင်သွားတဲ့သူတွေ ပြန်လာလိုရင် စခန်းတွေ ဖွင့်ပြီး အဆင့်ဆင့် စိစစ် လက်ခံမယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားလိုက်ပါတယ်။
ပထမဆုံးအနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဖောင်တွေပို့ပေးသွားမှာ ဖြစ်ပြီး ပြန်လာလိုတဲ့သူတွေကို အဆင့်ဆင့်စစ်ဆေး အတည်ပြု လက်ခံသွားမှာ ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြောကြားလိုက်တာပါ။
၁၉၉၃ ခုနှစ်က နှစ်နိုင်ငံ သဘောတူညီချက်မှာ ပါဝင်တဲ့ အချက်တွေအတိုင်းပဲ လက်ခံမှာပါလို့လည်း သိရပါတယ်။ ဒီနေ့ စက်တင်ဘာ ၂၈ ရက်က ပြုလုပ်တဲ့ ဒဿမအကြိမ် ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ အာဆီယံအစည်းအဝေးကို တက်ရောက်လာတဲ့ ပြည်ထောင်စုဝန်ကြီးက မီဒီယာတွေရဲ့ မေးမြန်းမှုကို အခုလို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
ရုပ်သံသတင်းထောက်-စိုးရ