ရခိုင်ပြည်နယ် အကြမ်းဖက်ဖြစ်စဉ်တွေကြောင့် ဘင်္ဂလာဒေ့ရှ်ကိုထွက်ပြေးတိမ်ရှောင်သွားသူတွေကို မြန်မာကျပ်ငွေ နှစ်ဘီလံယံအထက် အကုန်ကျခံပြီး ပြန်လည်လက်ခံသွားမယ်လို့ သိရပါတယ်။
နေပြည်တော်ရှိ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှာ ပြုလုပ်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များကို အကောင်အထည်ဖော်ဆောင်ရေးကော်မတီရဲ့ တတိယအကြိမ်အစည်းအဝေးအပြီးမှာ ကော်မတီဥက္ကဌ ဒေါက်တာဝင်းမြတ်အေးက ပြောဆိုလိုက်တာပါ။
ဒုက္ခသည်တွေကို ပြန်လည်လက်ခံတဲ့နေရာမှာ ဘင်္ဂလာဒေ့ရှ်နိုင်ငံနဲ့ ၁၉၉၃ ခုနှစ်က သဘောတူညီချက်စာချူပ်ပါ ချက်အလက်တွေနဲ့အညီ လက်ခံသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
လက်တစ်လောမှာတော့ ပြန်လည်လက်ခံရေးအတွက် တောင်ပြိုလက်ဝဲနဲ့ ငါးခူရ အဲဒီနေရာနှစ်ခုမှာ စစ်ဆေးပြီးပြန်လည်လက်ခံသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ပြန်လည်နေရာချထားရေးကိုတော့ ငါးကျီးစားကျေးရွာမှာ အကြမ်းဖျဉ်းအားဖြင့် သက်မှတ်ထားတယ်လို့ ဆိုပါတယ်။
သုံးနှစ်အတွင်းလမ်းပန်းဆက်သွယ်ရေး အကောင်းဆုံးဖြစ်အောင်လုပ်ဆောင်မှာပြီး လျှပ်စစ်မီးကိုတော့ ၂၀၁၈ ခုနှစ်အတွင်းမှာ ဘူးသီးတောင်မြို့နယ်၊ ရသေ့တောင်မြို့နယ်နဲ့ မောင်တောမြို့နယ်က နေရာအားလုံးမှာ ရရှိအောင် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
ရုပ်သံသတင်းထောက်-မောင်သင်တုန်း