• 9 years ago
အင်ဒိုနီးရှားနိုင်ငံ၊ ဆူမားတြား မြောက်ပိုင်းမှာ တည်ရှိတဲ့ ဆင်နာဘွန်မီးတောင် ပေါက်ကွဲပြီး ပတ်ဝန်းကျင်မှာ ချော်ရည်ပူနဲ့ ချော်ပြာတွေ ကျရောက်ခဲ့ပါတယ်။

စက်တင်ဘာ ၂၇ ရက်က ပေါက်ကွဲတဲ့နောက် ချော်ပြာတွေဟာ မီးတောင်နဲ့ နှစ်ကီလိုမီတာခွဲ အကွာအဝေးထိ လွင့်စင်ခဲ့တယ်လို့ သိရပါတယ်။ ဆင်နာဘွန်မီးတောင် ပေါက်ကွဲမှုဟာ အင်ဒိုနီးရှားပိုင် ဘာလီကျွန်းက အေဂွန် မီးတောင်ကြီး နိုးထလှုပ်ရှားမှုကြောင့် ဒေသခံ တစ်သိန်းလောက် အရေးပေါ် ရွှေ့ပြောင်းခဲ့ရတဲ့ အချိန်နဲ့ တိုက်တိုက်ဆိုင်ဆိုင် ပေါ်ပေါက်လာတာပါ။

ဆင်နာဘွန် မီးတောင်ဟာ အင်ဒိုနီးရှားနိုင်ငံ တနံတလျားမှာ တည်ရှိနေတဲ့ မီးတောင်ရှင် ၁၃၀ လောက်မှာ တစ်လုံး အပါအဝင် ဖြစ်ပါတယ်။ သမိုင်းတလျှောက် အကြိမ်ကြိမ် ပေါက်ကွဲခဲ့ဖူးသလို ၂၀၁၆ တုန်းက နောက်ဆုံး ပေါက်ကွဲခဲ့ချိန်မှာလည်း လူ ၆ ဦး အသက်ဆုံးရှုံးခဲ့ပါတယ်။

မီးတောင်အနီးတဝိုက်က ချော်မြေတွေဟာ မြေဩဇာ ကောင်းမွန်ပြီး စိုက်ပျိုးရေးလုပ်ငန်း ဖြစ်ထွန်းတာကြောင့် အင်ဒိုနီးရှား နိုင်ငံသား အများအပြား အခြေချ နေထိုင်ကြကြောင်းလည်း သိရပါတယ်။

Category

🗞
News

Recommended