ပြည်ပက ဗိသုကာလက်ရာတွေနဲ့ အိမ်တွင်းအလှဆင်ပစ္စည်းတွေကို ပြသထားတာဖြစ်ပါတယ်။အဲဒီပြပွဲကို ရန်ကုန်မြို့ မင်းဓမ္မလမ်းမှာရှိတဲ့ Myanmar Event Park မှာ ခင်းကျင်းပြသထားတာပါ။
ဒီပြပွဲမှာ ပြည်ပအိမ်နီးချင်းနိုင်ငံက ပညာရှင်တွေရဲ့ ဗိသုကာလက်ရာတွေနဲ့အတူ အိမ်အတွင်း အပြင် အလှဆင်ပစ္စည်းတွေ၊ ဆောက်လုပ်ရေးသုံးပစ္စည်းတွေအပြင် ကြွေပြားအလှဆင်ပစ္စည်းတွေကိုပါ ပြသာထားတာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိရှိနေတဲ့ အဆောက်အအုံ ဒီဇိုင်းတွေဟာ ပုံစံတူဖြစ်နေပြီး၊ ရှေးဆန်တဲ့ ပုံစံတွေဖြစ်နေတာကြောင့် ဒီဇိုင်းဆန်းတွေ ကြည့်ရှုလေ့လာနိုင်စေဖို့ အခုလို ပြည်ပက ဗိသုကာလက်ရာတွေကို လာရောက်မိတ်ဆက်ပြသတာဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီပြပွဲကို စက်တင်ဘာလ ၂၈ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ ခင်းကျင်းပြသပေးသွားမှာဖြစ်ပြီး၊ အဲဒီပြပွဲနေ့တွေမှာ စီးပွားရေးပညာရှင်အချို့ကလည်း အိမ်ခြံမြေဈေးကွက်အပါအဝင် ဆောက်လုပ်ရေးလုပ်ငန်းခွင်အကြောင်းနဲ့ သဘာဝပတ်ဝန်းကျင်အကြောင်းတွေကို ဟောပြောပေးသွားမှာပဲ ဖြစ်ပါတယ်။
ရုပ်သံသတင်းထောက် - ယဉ်မွန်