• 9 years ago
ပုဂ္ဂလိကဘဏ်တစ်ခုရဲ့ အမှတ်တရပွဲမှာ ဓာတ်ကြိုးကို ခလုတ်တိုက်ချော်လဲပြီး ဘယ်ဘက်လက်မောင်းနဲ့ လက်တစ်ချောင်းလုံး စုတ်ပြတ်ခဲ့တဲ့ ဟာသသရုပ်ဆောင်ညောင်ညောင်ဟာ အခုဆိုရင် ကျန်းမာရေးပြန်လည်ကောင်းမွန်လာပြီလို့ ပရိသတ်ကို ပြောလာပါတယ်။

မတော်တဆမှုကြောင့် ကားရိုက်တွေ ရပ်နားခဲ့ရပြီး အခုတော့ ဘယ်ဘက်လက်က ထုံနေသေးတယ်လို့ ညောင်ညောင်ကပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၀ရက်ညက မတော်တဆမှုဖြစ်ပွားခဲ့တာဖြစ်ပြီး ပါရမီဆေးရုံမှာ ငါးရက်တာ ဆေးကုသမှု ခံယူခဲ့ရတာလည်းဖြစ်ပါတယ်။

သူ့ကိုစိတ်ပူပေးကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်သလို ပကတိကောင်းမွန်လာဖို့အတွက် အသေးစားခွဲစိတ်မှုတွေ ထပ်မံပြုလုပ်ရဦးမယ်လို့ ဟာသသရုပ်ဆောင် ညောင်ညောင်က ပြောလာပါတယ်။

ရုပ်သံသတင်းထောက် - အေးမြတ်

Category

🗞
News

Recommended