Skip to playerSkip to main content
  • 9 years ago
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ရွေးကောက်ပွဲအပြီး ဥက္ကဌရာထူးနဲ့ အလုပ်အမှုဆောင်တာဝန်တွေကို လာမယ့် အောက်တိုဘာ ပထမအပတ်ထဲမှာ စတင်လွှဲပြောင်းသွားမှာဖြစ်ပါတယ်။

အောက်တိုဘာ ဒုတိယအပတ်ထဲမှာ ကျရောက်မယ့် (၅၄)ကြိမ်မြောက် သက်ကြီးပူဇော်နေ့အတွက် ရုပ်ရှင်အစည်းအရုံး ဥက္ကဌဟောင်း အကယ်ဒမီလူမင်းနဲ့အတူ အမှုဆောင်ဟောင်းတွေက တာဝန်ယူ လုပ်ဆောင်သွားမှာဖြစ်သလို ဥက္ကဌအသစ် အကယ်ဒမီ ဇင်ဝိုင်းတို့ရဲ့ အလုပ်အမှုဆောင်သစ်တွေနဲ့ လည်း ပူပေါင်းဆောင်ရွက်ဖို့ရှိတယ်လို့ လူမင်းကပြောပါတယ်။

အကယ်ဒမီလူမင်း အနေနဲ့ ဥက္ကဌရာထူး တာဝန်တွေကို လွှဲပြောင်းအပြီး လာမယ့်အောက်တိုဘာ ၁၀ရက်ကျော်ကစပြီး ဇာတ်ကားတွေ ရိုက်ကူးဖို့ လက်ခံထားသလို အနုပညာလုပ်ငန်းတွေကို အချိန်ပိုပေးပြီး သရုပ်ဆောင်အနေနဲ့ရော ဒါရိုက်တာ အနေနဲ့ပါ အလုပ်တွေ ပိုလုပ်သွားမယ်ဆိုပါတယ်။

အကယ်ဒမီလူမင်း အနေနဲ့ လာမယ့်အောက်တိုဘာ ၆ရက်နေ့မှာရုံတင်မယ့် အောင်စေ ပိုင်စေ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်ထားသလို ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးဖို့ လက်ခံထားတယ်လို့ သိရပါတယ်။

ရုပ်သံသတင်းထောက် - အေးမြတ်

Category

🗞
News

Recommended