Skip to playerSkip to main content
  • 9 years ago
နှစ်တိုင်း စည်စည်ကားကား ကျင်းပလေ့ရှိတဲ့ ရေကျော်ပွဲဈေးဟာ လာမယ့်အောက်တိုဘာ ၂ ရက်မှာ စတင်မှာဖြစ်ပါတယ်။

ပွဲဈေးမှာ ဈေးဆိုင်ခန်းပေါင်း တစ်ထောင်ကျော် ပါဝင်ရောင်းချကြမှာဖြစ်ပါတယ်။ ဒါပေမယ့် ဂိမ်းဆိုင်တွေနဲ့ အရုပ် ဂိမ်းဆိုင်တွေကိုတော့ ရောင်းချခွင့်ပြုမထားဘူးလို့ ရေကျော်ပွဲဈေး ကျင်းပရေးကော်မတီ ပုဇွန်တောင်မြို့နယ် ၇ ရပ်ကွက်က ပွဲတော်ကျင်းပရေး ဥက္ကဌက ပြောပါတယ်။

ပွဲတော်အတွင်း လာရောက်လည်ပတ်သူတွေ အဆင်ပြေစေဖို့ လုံခြုံရေးအင်အားက တစ်ရာကျော်ထားရှိပြီး CCTV တွေလည်း တပ်ဆင်ထားတယ်လို့ ဆိုပါတယ်။

ပွဲတော်နေ့ကနေစပြီး ပုဇွန်တောင်မြို့နယ် ၇ ရပ်ကွက်နဲ့ ၉ ရပ်ကွက်ထိပ် နေရာ ၂ ခုမှာ ဖျော်ဖြေပွဲ တွေကို ၅ ရက်တိုင်တိုင် ကပြပေးသွားမယ်လို့လည်း သိရပါတယ်။

ရုပ်သံသတင်းထောက် - ယဉ်မွန်

Category

🗞
News

Recommended