မယ်စကြဝဠာ မြန်မာ၂၀၁၈ ပြိုင်ပွဲမှာ ရေပန်းစားသူတွေကို ဖြတ်ကျော်ပြီး ပဲခူးကိုယ်စားပြုအလှမယ် နှင်းသွေးယုအောင်က သရဖူ ရရှိသွားပါတယ်။ ဒုတိယဆုကို အလှမယ် ဆုမြတ်ဖူး ၊ တတိယဆုကို နန်းမွေဖောင်းလုံ စတုတ္ထဆုကို မြင့်မိုရ်မေ နှင့် ပဉ္စမဆုကို ရို့စလင်း တို့ကအသီးသီးရရှိခဲ့တာပါ။
အလှမယ်ပြိုင်ပွဲတွေရဲ့ ထုံးစံအတိုင်း အပိုင်းသုံးပိုင်းခွဲပြီး ယှဉ်ပြိုင်ခဲ့ကာ ရေကူးဝတ်စုံနဲ့ ယှဉ်ပြိုင်တဲ့အစီအစဉ်မှာ ပြိုင်ပွဲဝင်တွေကနေ ဆန်ကာတင် ၁၃ ဦးကိုရွေးချယ်ခဲ့တာပါ။
ညနေခင်းဝတ်စုံနဲ့ ယှဉ်ပြိုင်တဲ့ အစီအစဉ်မှာ ဆန်ကာတင် ၅ ဦးကို ဆက်လက်ရွေးချယ်ခဲ့ပြီး အကဲဖြတ်ဒိုင်တွေမေး မြန်းထားတဲ့ မေးခွန်းတွေကိုဖြေဆို အပြီးမှာတော့ ဆုရရှိသူကို ကြေညာလိုက်တာပါ။
မယ်စကြဝဠာ ပြိုင်ပွဲကို စက်တင်ဘာ၃၀ ရက်ညက Gandamar Grand Ballroomမှာ ပြုလုပ်ခဲ့ပြီး မြို့အသီးသီးက အလှမယ်သုံးဆယ်ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။
ရုပ်သံသတင်းထောက်-ဇွဲဥာဏ်