ယာဉ်အန္တရာယ်၊ သဘာဝ ဘေးအန္တရာယ်ကြောင့် ထိခိုက်သူတွေကို ဘယ်လိုကယ်တင်မလဲဆိုတဲ့ သရုပ်ဖော် ပြသမှုတွေကို ဒီကနေ့ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့ အကြို အသိပ ညာပေး လှုပ်ရှားမှု အခမ်းအနားမှာ ပုံစံ အမျိုးမျိုးနဲ့ ပြသခဲ့ပါတယ်။
အောက်တိုဘာလ ၁၃ ရက်မှာ ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့ကို ဂုဏ်ပြုတဲ့ အနေနဲ့ ရန်ကုန်တိုင်းဒေသကြီးအနေနဲ့ Home safe Home ဆိုတဲ့ ဆောင်ပုဒ်နဲ့ အညီ မိ သားစုတွင်း၊ ပတ်ဝန်းကျင်တွေမှာ အကြောင်းအမျိုးမျိုးနဲ့ ထိခိုက်ဒဏ်ရာ ရရှိတဲ့ သူတွကို အချိန်မရွေး၊ နေရာမရွေး အသက်ကယ်နိုင်ဖို့ နည်းပညာတွေ ဖြန့်ဝေပေးတဲ့ သရုပ်ပြမှုတွေကို ဒီကနေ့ လုပ်ဆောင်ခဲ့ပါတယ်။
ရန်ကုန်တိုင်းဒေသကြီးမှာ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွေကို ပြီးခဲ့တဲ့ ၂၀၁၃ ကတည်းက စတင်ကျင်းပခဲ့တာ ဖြစ်ပြီး အခုနှစ် ပါဆိုရင် ငါးကြိမ်မြောက် ကျင်းပတာ ဖြစ်တယ်လို့ သိရပါတယ်။
ရုပ်သံသတင်းထောက်- အလှလေး သူဇာ