Skip to playerSkip to main content
  • 9 years ago
လက်နဲ့ထိရင် ရောဂါပျောက်တယ်ဆိုတဲ့ အသက်ငါးနှစ်အရွယ် ကလေးငယ်ဆီမှာ ရေဂါကုသဖို့ လာရောက်သူတွေ များနေပါတယ်။

ပေါင်းတည်မြို့နယ်ထဲက ရှားပေါင်ရွာမှာနေထိုင်တဲ့ အသက်ငါးနှစ်အရွယ် မောင်ထွန်းတေဇအောင်က လက်နဲ့ထိရင်ရောဂါပျောက်တယ် ဆိုပြီး ပေါင်းတည်ပတ်ဝန်းကျင်မှာ လူသိများနေတာပါ။

သူငယ်တန်းတက်နေတဲ့ ကလေးရဲ့ ကျောင်းပိတ်ရက်တွေမှာဆိုရင် ရောဂါလာကုသူတွေဟာ ၅၀၀ လောက်ထိ ရှိတယ်လို့ သိရပါတယ်။ ကလေးငယ်ရဲ့ ကျောင်းကဆရာမလက်မှာ ဖြစ်နေတဲ့ အဖုအကျိတ်ကို လက်နဲ့ထိပြီး ကုသရာမှာ ပျောက်ကင်းလို့ ဆရာမက ဓာတ်ပုံရိုက်ပြီး လူမှုကွန်ယက် Facebook ပေါ်တင်ရာက လူသိများလာတာ ဖြစ်တယ်လို့ ကလေးရဲ့ မိခင် ဒေါ်ကေသီနွယ်က ပြောပါတယ်။

ရုပ်သံသတင်းထောက်-ဇော်မင်းထိုက်

Category

🗞
News

Recommended